AD
AD
AD
play

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့လို့  ရဟန်းတစ်ပါးနဲ့ ကိုရင်နှစ်ပါးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် သက်တော် (၃၅ နှစ်ရှိရဟန်းနဲ့ ကိုရင်နှစ်ပါးခြေထောက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ တအောင်းလက်နက်ကိုင်အဖွဲ့ က သတင်းထုတ်ပြန်ထားပြီး အဆိုပါမိုင်းကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီက ထောင်ထားတာဖြစ်တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

‘‘ကျွန်မတို့ဘက်က ဒီလိုမိုင်း ထောင်တာ လုံးဝမလုပ်ပါဘူး။ တကယ်လို့ လိုအပ်ချက်အရ မိုင်း ထောင်မယ်ဆိုရင်တောင်မှ ပြည် သူတွေကို ခေါ်အသိပေးပြီးမှ လုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ အများအား ဖြင့် ဒီဒေသမှာ ကျွန်မတို့ မိုင်း ထောင်တာမရှိပါဘူး’’လို့ RCSS ကျောက်မဲလူထုဆက်ဆံရေး တာဝန်ခံ နန်းမိုးမိုးစောက ပြောပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာရခဲ့တဲ့ ရဟန်းနဲ့ ကိုရင်နှစ်ပါးက ကျောက်မဲဆေးရုံမှာ တက်ရောက်ကုသနေပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းကလည်း ကျောက်မဲဒေသမှာရှိတဲ့ စစ်ရှောင်တွေကို သွားရောက်ကူညီတဲ့ရဟန်းတော်တစ်ပါး မိုင်းထိခဲ့ပါသေးတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD