AD
AD
AD
play

 

မင်းလှမြို့နယ် ပုသိမ်-မုံရွာကားလမ်းအနီးမှာ ခိုးဝင်ဘဂါင်္လီ အမျိုးသား ၁၄ဦး ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ မတ်လ ၂၃ ရက် ည ၉ နာရီခွဲ အချိန်ခန့်မှာ မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ဆတ်သွားကုန်းကျေးရွာအနီးမှာ အဆိုပါ ဘင်္ဂလီလူမျိုးတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

စစ်ဆေးမေးမြန်းမှုတွေအရ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့မှ ဟာဘီဆာမောက်(ဘ) ဦးအာဒူရူးကူး အပါအ၀င် ဘင်္ဂါလီ ၁၆ ဦးဟာ ရန်ကုန်မြို့ကို သွားရောက်ဖို့ မြောက်ဦးမြို့နယ်၊ ရန်တီကျေးရွာကနေ စက်လှေနဲ့ထွက်ခွာလာပြီး ၎င်းမှတစ်ဆင့် လမ်းပြအဖြစ် ချင်းလူမျိုးလေးဦးမှ တောလမ်းအတိုင်း ခေါ်ဆောင်လာတာလို့ ဆိုပါတယ်။

play

 

အဆိုပါ လမ်းပြလေးဦးက တောတွင်းတစ်နေရာအရောက်မှာ သူတို့ကိုထားခဲ့ပြီး ခြေဦးတည့်ရာသွားနေတုန်းမှာအခုလို အဖမ်းခံခဲ့ရတာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မတ်လ ၂၄ ရက်နေ့ကလည်း မင်းလှမြို့နယ် ရေပုတ်ကျေးရွာ အ၀င်လမ်းရှိ တောင်ယာခင်းမှာ ဘဂါင်္လီအမျိုးသား ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး သူတို့က ရန်ကုန်မြို့မှာ အလုပ်လုပ်ဖို့ ခိုးဝင်လာတုန်း အခုလို အဖမ်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို မင်းတုန်းမြို့နယ်ရဲစခန်းနဲ့ မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းတွေမှာ ထိန်းသိမ်းထားရှိပြီး တရားဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD