AD
AD
AD

 

တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းတွေကို မိုဘိုင်း Team စနစ်နဲ့ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးကို သွားရောက်ပြီး ထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။

တက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ အောင်မြင်သူဖြစ်စေ၊ ကျရှုံးသူဖြစ်စေ အမှတ်စာရင်းတွေကို ရန်ကုန်မြို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ဇွဲကပင်ဆောင်နဲ့ နေပြည်တော် ရုံးအမှတ် (၅၂) တို့မှာ တစ်နိုင်ငံလုံးကကျောင်းသားတွေ ထုတ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လာရောက်ဖို့ခက်ခဲ့တဲ့ဒေသတွေက ကျောင်းသားတွေလည်း အဆင်ပြေပြေ ထုတ်ယူနိုင်ဖို့အတွက် နှစ်စဉ် မိုဘိုင်းTeam တွေ ဖွဲ့စည်းပြီး နယ်မြို့တွေကို သွားရောက် ထုတ်ပေးနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက ပြောပါတယ်။ “ ရုံးအထိုင်အနေနဲ့ကတော့ နေပြည်တော်နဲ့ ရန်ကုန်မှာ တစ်နိုင်ငံလုံးက ဘယ်ဒေသကမဆို ဘယ်ကလေး မဆို ထုတ်လို့ရပါတယ်။ မလာရောက်နိုင်တဲ့ကျောင်းသားတွေအတွက် လည်း မိုဘိုင်း Team လေးတွေဖွဲ့ပြီးတော့ နယ်တွေမှာ သွားရောက်ထုတ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ “ လို့ ဒေါက်တာသိန်းဇံက ပြောပါတယ်။

မိုဘိုင်းစနစ်နဲ့ အမှတ်စာရင်းထုတ်ပေးဖို့အစီအစဉ်ကို အခုပတ်အတွင်း လုပ်ဆောင်နေပြီး လက်ရှိမှာ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ သွားရောက်ထုတ်ပေးနေပြီလို့ သိရပါတယ်။

play

 

ယခုနှစ် တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းတွေကို ဇွန်လ ၄ ရက်နေ့က စတင်ကာ ရန်ကုန်မြို့ ဇွဲကပင်ဆောင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာ ထုတ်ပေးနေပြီလို့ သိရပါတယ်။

 ယခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုသူ ၇ သိန်း ၈ သောင်းကျော်မှာ အောင်မြင်သူ ၂ သိန်း ၆ သောင်းနီးပါးသာ ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ထုတ်ပြန်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD