AD
AD
AD
play

 

ဗြိတိသျှအစိုးရနဲ့ လွန်ဘရာဘန်ရုပ်ရှင်ပွဲတော်(Lung Brabang Film Festival) တို့ဟာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့(WWF) နဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့နဲ့ပူးပေါင်းကာ တောရိုင်းတိရ စ္ဆာန်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ရုပ်သံဇာတ်လမ်းတိုပြိုင်ပွဲကို ကျင်းပလိုက်ပါတယ်။

ဒီရုပ်သံဇာတ်လမ်းတိုပြိုင်ပွဲကို ဒေသတွင်းမှာ တောရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်နေတာ၊ တရားမဝင်ကုန်သွယ်နေတာကို တိုက်ဖျက်နိုင်ဖို့အတွက် လူထုအကြားအသိအမြင်မြှင့်တင်နိုင်ဖို့ရည်ရွယ်ပြီးကျင်းပတာပါ။

တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုဟာ ကမ္ဘာပေါ်မှာတတိယမြောက်အကြီးဆုံး တရားမဝင်ကုန်သွယ်မှုလုပ်ငန်း ဖြစ်ပြီး မြန်မာနိုင်ငံက ရွှေတြိဂံနယ်မြေဟာဆိုရင် အဲဒီလုပ်ငန်းမာနာမည်အကြီးဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးဒုတိယအကြီးအကဲ မစ္စတာဒေးဗစ်ဟောလ်ရဲ့ ပြောကြားချက်အရသိရပါတယ်။

တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုလုပ်ငန်းဟာ မျိုးသုန်းလုနီးပါးတိရစ္ဆာန်မျိုးစိတ်တွေနဲ့ ကျား၊အာရှနဲ့အာဖရိကဆင်၊ ကြံ့နဲ့သင်းခွေချပ်တို့လို ကမ္ဘာ့ကုန်ကူးမှုအခံရဆုံးတိရစ္ဆာန်တွေရဲ့ ရှင်သန်ရပ်တည်မှုကိုခြိမ်းခြောက်လို့နေပါတယ်။

play

 

တောရိုင်းတိရ စ္ဆာန်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ရုပ်သံဇာတ်လမ်းတိုပြိုင်ပွဲကို မြန်မာ၊ ကမ္ဘာဒီးယား၊ လာအို၊ ထိုင်း နဲ့ဗီယက်နမ် နိုင်ငံသားတွေနဲ့ အဆိုပါနိုင်ငံတွေမှာလာရောက်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေပါပါဝင်ယှဉ်ပြိုင်နိုင်မှာပါ။

တောရိုင်းတိရ စ္ဆာန်တရားမဝင်ကုန်သွယ်မှုနဲ့ပတ်သက်ပြီး ကိုယ့်စိတ်ကူးရှိသလို ရိုက်ကူးနိုင်ကာ ၆ မိနစ်ထက်မပိုတဲ့ ဇာတ်လမ်းဖြစ်ဖို့တော့လိုပါတယ်။

ပါဝင်ယှဉ်ပြိုင်မယ့်သူတွေဟာ ကိုယ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့နောက်ဆုံးထား ပေးပို့ရမှာပါ။

ရုပ်ရှင်ရိုက်ကူးဖို့အတွက် တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုနဲ့ပတ်သက်ပြီး သိရှိလိုတဲ့ သတင်းအချက်အလက်တွေ ကို WWF-မြန်မာ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ပြိုင်ပွဲမှာ ပထမဆု ရရှိသူ ၃ ဦးဟာ ဆုငွေအပြင် အောက်တိုဘာ၊ ၁၀ ရက် နဲ့ ၁၁ ရက်နေ့တွေမှာ ကျင်းပမယ့် လန်ဒန် ၂၀၁၈ တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုဆိုင်ရာ ညီလာခံကို တက်ရောက်ခွင့်ရမှာဖြစ်ပြီး အထူးဆုရသူမှအပ ကျန်ဆုရရှိသူတွေအားလုံးဟာ အသွားအပြန်လေယာဉ်လက်မှတ် နဲ့ နေထိုင်စရိတ်အပါအဝင် ဒီဇိုင်ဘာ ၇ ရက်မှ ၁၂ ရက်ထိကျင်းပမယ့် ၉ ကြိမ်မြောက် လွန်ဘရာဘန်ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲမှာ မျှတမှုရှိစေဖို့အတွက် ကျောင်းသားအဆင့်ပြိုင်ပွဲကိုသီးခြားကျင်းပသွားမှာဖြစ်ပြီး ဘွဲ့ကြိုအဆင့် ကျောင်းသားတွေဆိုရင် ကျောင်းသားအဆင့်ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဆုငွေ USD 1000 ထိရရှိနိုင်မှာပါ။

ဒီရုပ်သံဇာတ်လမ်းတိုပြိုင်ပွဲနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေနဲ့ ဒီလင့်ခ် => http://www.lpfilmfest.org/content/IWTMekong.html မှာသွားရောက်ကြည့်ရှုလို့ရသလို အခြားသိချင်တာတွေအတွက် WWF- မြန်မာ ရဲ့ Facebook Page => https://www.facebook.com/wwfmyanmar/ ကနေတဆင့်လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD