AD
AD
AD
play

လက်ဆတ်တဲ့သဘာဝဟင်းသီးဟင်းရွက်တွေ၊ ကြက်ဥ၊ပန်း၊ ပျားရည် နဲ့စိုက်ပျိုးပင်တွေကို စိုက်ပျိုးထုတ်လုပ်သူတွေ ကိုယ်တိုင် ရောင်းချပေးတဲ့ တောင်သူလယ်သမားဈေးကို ယနေ့ ဇူလိုင်လ၊ ၇ ရက်နေ့မှာ အင်လျားကန်ဘေး၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဝင်းထဲမှာ ကျင်းပခဲ့ရာ လာရောက်ဝယ်ယူသူတွေနဲ့ အထူးစည်ကားခဲ့ပါတယ်။

တောင်သူလယ်သမားဈေးမှာ လာရောက်ဝယ်ယူသူတွေသုံးဆောင်နိုင်ဖို့ လက်ဆတ်သန့်ရှင်းပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ မြန်မာမုန့်မျိုးစုံ၊ ဘာဂါ၊ လဖက်ရည်၊ကော်ဖီနဲ့ အခြားသုံးဆောင်စရာတွေလည်း ရောင်းချပေးတာကိုတွေ့ရပါတယ်။

play

တောင်သူလယ်သမားဈေးကို အပတ်စဉ် စနေနေ့တိုင်းပြုလုပ်နေတာဖြစ်ပြီး တစ်ကြိမ်ထက်တစ်ကြိမ် ပါဝင်ရောင်းချသူတွေ ပိုများလာသလို လာရောက်ဝယ်ယူသူတွေလည်းပိုများလာလျက်ရှိပါတယ်။

စားသုံးသူတွေအနေနဲ့ ဆိုးဆေးတွေ၊ ဓါတုပစ္စည်းနဲ့ပြုပြင်ဖန်တီးထားတဲ့ အစားအသောက်၊ဟင်းသီးဟင်းရွက်တွေရန်က ကင်းဝေးပြီး သဘာဝအတိုင်းလက်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ စားသောက်ဖွယ်ရာတွေကို ဝယ်ယူနိုင်ဖို့ ရည်ရွယ်ပြီး အခုလို တောင်သူလယ်သမားဈေးကိုကျင်းပနေတာဖြစ်ပြီး ယခုတစ်ကြိမ်နဲ့ဆိုရင် ၇ ကြိမ်မြောက်တောင်ရှိပြီ ဖြစ်ပါတယ်။

play

ရန်ကုန်မြို့မှာ ဒီလိုစိုက်ပျိုးထုတ်လုပ်သူတွေဆီကတိုက်ရိုက်ဝယ်ယူနိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စဖြစ်တာကြောင့် တောင်သူလယ်သမားဈေးဟာ လက်ဆတ်တဲ့သဘာဝဟင်းသီးဟင်းရွက်တွေ၊ ပန်းနဲ့ဒေသထွက်ကုန်ပစ္စည်းတွေကို ဝယ်ယူလိုသူတွေအတွက်တော့ တကယ့်ကိုအခွင့်အရေးကောင်းတစ်ရပ်ပဲလို့ ဆိုရမှာပါ။

ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်ပုံဖြစ်ဖို့ကြိုးစားနေတယ်ဆိုရင်တော့ အပတ်စဉ်စနေနေ့တိုင်း ပြုလုပ်နေတဲ့ တောင်သူလယ်သမားဈေး (Yangon Farmers Market) မှာဈေးသွားဝယ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။

တောင်သူလယ်သမားဈေးအကြောင်း အသေးစိတ်အချက်အလက်တွေကို ဒီလင့်ခ် https://www.facebook.com/Yangonfarmersmarket/ ကနေတစ်ဆင့် သွားရောက်ကြည့်ရှုလေ့လာလို့လည်း ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD