AD
AD
AD

မန္တလေးတိုင်း၊ မတ္တရာမြို့မှာ အသက် ၇ နှစ်အရွယ်ကလေးကို ဇူလိုင်လ ၁၂ ရက်နေ့က ပထွေးဖြစ်သူက လက်သီးနဲ့ ထိုးတာတွေနဲ့ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ မတ္တရာမြို့နယ်ရဲစခန်းကသိရပါတယ်။

play



မတ္တရာက အုတ်စက်ဝန်းအတွင်းမှာ အုပ်စက်လုပ်သားအဖြစ်လုပ်ကိုင်နေတဲ့ မသန်းသန်းဦးက ဇူလိုင် ၁၂ ရက်နေ့မနက်မှာ အုတ်လုပ်ငန်းခွင်အတွင်းမှာ အလုပ်လုပ်နေတုန်းမှာ အသက် ၂၇ နှစ်အရွယ် သန်းနိုင်ဦးနဲ့ အသက် ၇ နှစ်အရွယ် သူမရဲ့ သမီးငယ်တို့ ရောက်လာပြီးတော့ ကလေးငယ်ရဲ့ မိန်းမကိုယ်ကနေ သွေးတွေ ထွက်နေတာကြောင့် မိခင် မသန်းသန်းဦးက ဆေးခန်းပြဖို့ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့လို ဆေးခန်းပြဖို့ ပြင်နေစဉ်မှာ ကလေးငယ်ကို မေးရာမှာ ပထွေးဖြစ်သူ သန်းနိုင်ဦးက ကလေးငယ်ကို လက်သီးနဲ့ ထိုးတာ၊ အဓမ္မ ပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

"အခုတော့ သူ့ကို စစ်ဆေးနေပါတယ်။ လက်ရှိကတော့ မန္တလေးက ထောင်ထဲမှာထည့်ထားတယ်။ ရဲလုပ်ငန်းလုပ်စဉ်တွေပြီးသွားရင်တော့ သူ့ကို ရုံးထုတ်စစ်ဆေးမှာပါ။" လို့ မတ္တရာမြို့နယ်ရဲစခန်းက တာဝန်ကျ ရဲတစ်ဦးက Duwun ကိုပြောပါတယ်။

အဲ့ဒီမုဒိမ်းမှုဖြစ်စဉ်ကို မတ္တရာမြို့မရဲစခန်းကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD