AD
AD
AD

လမ်းဘေးမှာ အပေါ့သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာကတစ်ဆင့် လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီရမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်ကတော့ သြဂုတ်လ ၅ ရက်နေ့တုန်းက ကြည့်မြင့်တိုင်မြို့နယ် အေးရွာရပ်ကွက် သမ္ဗန်ဆိပ်အနီးမှာ ဓားထိုးမှုဖြစ်ပွားခဲ့တဲ့သတင်းအရ သွားရောက်စစ်ဆေးရာ ဦးရန်အေးဆိုသူကလည်ပင်းနဲ့ ကျောကုန်းတို့မှာ ထိုးသွင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

 

play
ပြစ်မှုကျူးလွန်သူ ကျော်ရဲဝင်း (ခ) ကျော်ကြီး Photo- Yangon Police

 

စုံစမ်းချက်အရ သေဆုံးသူ ဦးရန်အေးက ကျော်ရဲဝင်း (ခ) ကျော်ကြီး အပေါ့သွားတဲ့ကိစ္စကို စကားများရန်ဖြစ်ခဲ့ရာ ကျော်ရဲဝင်း(ခ) ကျော်ကြီးကနေ အသင့်ပါလာတဲ့ ဓားနဲ့ ထိုးခဲ့တာကြောင့် ဦးရန်အေးသေဆုံးခဲ့တာဖြစ်ပါတယ်။

လူသတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ကျော်ရဲဝင်း (ခ)ကျော်ကြီးကို
 သြဂုတ် ၉ ရက်မှာ ကြည့်မြင်တိုင်မြို့နယ်၊ အလတ် ချောင်းရပ်ကွက်၊ ဦးဥတ္တမလမ်းပေါ်ကနေ  ဖမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကျော်ရဲဝင်း (ခ) ကျော်ကြီးကို စက်ဆန်းနယ်မြေရဲစခန်းကနေ (ပ) ၁၇၂/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD