News: ရုပ်ထွက်နဲ့ကင်မရာ အရည်အသွေးကောင်းပြီး 4G သုံးနိုင်သလို ဈေးနှုန်းလည်းသက်သာတဲ့ Huawei Y6 II

ဒီနေ့ခေတ်မှာ အရည်အသွေးကောင်းပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းတွေကို ဈေးနှုန်းသက်သက် သာသာနဲ့ ဝယ်ယူလို့ရလာနေပါပြီ။ အဲဒီိလို ဖုန်းတွေထဲမှာ Huawei ရဲ့ Y6 II ကလည်းထိပ်တန်းနေရာက ပါဝင်ပါတယ်။

 

play

 

ဒီနေ့ခေတ်မှာ အရည်အသွေးကောင်းပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူလို့ရလာနေပါပြီ။ အဲဒီိလို ဖုန်းတွေထဲမှာ Huawei ရဲ့ Y6 II ကလည်းထိပ်တန်းနေရာက ပါဝင်ပါတယ်။

Huawei Y6 II ဟာဈေးနှုန်းက တစ်သိန်းခွဲဝန်းကျင်သာရှိပေမဲ့ စွမ်းဆောင်ရည်တွေကတော့ မြင့်မားသလို ဒီဇိုင်းကလည်း လှပပါတယ်။

ဒီနှစ် ဇွန်လထဲကမှ အသစ်ထွက်ရှိခဲ့တဲ့ Y6II ရဲ့မျက်နှာပြင်ဟာ ၅ လက်မခွဲဖြစ်ပြီး IPS LCD capacitive touchscreen ဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေးက 720 x 1280 နဲ့ 267 ppi ဖြစ်တာကြောင့် ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေနဲ့ မြန်ဆန်တဲ့ထိတွေ့မှုတို့ကို ခံစားရမှာဖြစ်ပါတယ်။

play

 

ကင်မရာပိုင်းမှာဆိုရင်လည်း နောက်ဘက်ကင်မရာက 13MP ရှိပြီး ရှေ့ဘက် ကင်မရာကလည်း 8MP တောင်ရှိတဲ့ အတွက် လှပတဲ့အမှတ်တရပုံရိပ်တွေကို ရှေ့ကင်မရာနဲ့ရော၊ နောက်ကင်မရာနဲ့ပါ အကောင်းဆုံးဖမ်းယူ ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် Y6II မှာ Voice Capture ၊ Face Beauty၊ HDR တို့လိုအဆင့်မြင့်ကင်မရာနည်းပညာ တွေလည်း ပါဝင်ပါတယ်။

Y6II မှာ Huawei ရဲ့ကိုယ်ပိုင် Kirin 620 Model Octa Core Processer အသုံးပြုထားပြီး RAM က 2GB ဖြစ်ကာ Rom ကတော့ 16 GB ဖြစ်ပါတယ်။ ဖုန်းသိုလှောင်မှုမှတ်ဉာဏ် ROM ကို မန်မိုရီကတ်စိုက်ပြီး 128 GB အထိမြှင့်တင်လို့လည်း ရပါတယ်။ ဒါကြောင့် ရုပ်ရှင်တွေ၊ ဂိမ်းတွေကို စိတ်ကြိုက် လျှင်လျှင်မြန်မြန် ချောချောမွေ့မွေ့ ကြည့်ရှုခံစားလို့ ရပါတယ်။

Android 6.0(Marshmallow) ပါဝင်တဲ့ Y6II ဟာ 2G 3G တို့တင်မက 4G နက်ဝပ်အထိအဆင်ပြေပြေချိတ်ဆက်နိုင်စွမ်း ရှိပြီး ဆင်းမ်ကတ် ၂ ကတ်တစ်ပြိုင်တည်း ထည့်သုံးနိုင်တဲ့ဖုန်းလည်းဖြစ်ပါတယ်။

နိုဝင်ဘာလထဲမှာ ဝယ်ယူတဲ့သူတွေကို Huawei Mobile မြန်မာကနေပြီး 16GB မန်မိုရီကတ်တစ်ကတ် လက်ဆောင် ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

ဒါကြောင့် ဈေးနှုန်းတစ်သိန်းကျော်လောက်နဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ဖုန်းတစ်လုံးလောက်ဝယ်ဖို့ စဉ်းစားနေရင် Huawei Y6 II ဟာလက်လွှတ်မခံသင့်တဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ