AD
AD
AD
play

 

မြန်မာ လူငယ်နှစ်ဦးဖြစ်တဲ့  ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို ဗြိတိန် ကမ္ဘာလှည့်ခရီးသည် စုံတွဲကို သတ်မှုဖြင့် ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

play

 

ထိုင်းနိုင်ငံမှ ရဲတွေဟာ တရားခံအဖြစ် သံသယရှိသူတွေကို နှိပ်စက် ညှဉ်းပန်းပြီး ဝန်ခံစေတဲ့ ဖြစ်ရပ်တွေ အရင်ကတည်းက ရှိခဲ့တယ်လို့ Amnesty International က ဆိုပါတယ်။

play

 

မြန်မာ လူငယ်နှစ်ဦးဟာ ၂၀၁၄ ခုနှစ်က လူသတ်မှုဖြင့် ဖမ်းဆီးခံရပြီးနောက် လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံချက်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီ ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ ထိုင်းရဲတွေက နှိပ်စက် ညှဉ်းပန်းခဲ့တာကြောင့် လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံခဲ့ရတယ်လို့ နှစ်ဦးလုံးက ပြောပါတယ်။

play

 

ဒီ အမှုနဲ့ ပတ်သက်တဲ့ DNA စစ်ဆေးချက်တွေဟာ ကွဲလွဲမှုရှိတာကြောင့် ပြန်လည် စစ်ဆေးဖို့ တရားခံရှေ့နေ့တွေက တင်ပြခဲ့ပေမယ့် ထိုင်းတရားရုံးက ပယ်ချခဲ့ပါတယ်။ 

play

 

ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ ခိုတောင်ကျွန်း ကမ်းခြေမှာ ဗြိတိန်စုံတွဲ ဟန်နာ ဝစ်သာရစ်ဂ်ျနဲ့ ဒေးဗစ် မေလ်လာတို့ကို သတ်မှုဖြင့် စွဲချက်တင်ကာ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

play

 

Amnesty International အဖွဲ့ဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေး ကိစ္စရပ်တွေကို စောင့်ကြည့် ဆောင်ရွက်နေပါတယ်။ ကမ္ဘာတစ်ဝန်းမှာ Amnesty International အဖွဲ့ဝင်နဲ့ ထောက်ခံအားပေးသူ ၇ သန်းရှိပြီး ၁၉၆၁ ခုနှစ်မှာ ဒီ အဖွဲ့ကို စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD