AD
AD
AD
play

 

အရှေ့တောင်အာရှရဲ့ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်း တစ်ခုဖြစ်တဲ့ Grab က ခရီးသည်တွေအတွက် လုပ်ဆောင်ချက် အသစ်နှစ်မျိုးဖြစ်တဲ့ အရေးပေါ် လုံခြုံရေးအတွက် Emergency SOS ခလုတ်တစ်ခုနဲ့ ကိုယ်တိုင်ဝင်ရောက် လေ့လာနိုင်မယ့် App အတွင်း Help Centre တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

ခရီးသည်တွေဟာ Grab အက်ပလီကေးရှင်းရဲ့ Menu မှ တစ်ဆင့် Emergency ထဲသို့ ဝင်ရောက်ကာ ကိုယ့်ရဲ့ မိသားစုဝင်၊ သူငယ်ချင်း ဒါမှမဟုတ် ချစ်ခင်ရင်းနှီးသူတွေကို အရေးပေါ် ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် သုံးခုအထိ ထည့်သွင်းနိုင်မှာဖြစ်ပြီး အဆိုပါ အရေးပေါ် ဖုန်းနံပါတ်တွေကို အချိန်မရွေး ပြင်ဆင်ဖြည့်စွက်နိုင်မှာလည်း ဖြစ်ပါတယ်။

 စီးနင်းသွားလာနေစဉ် အချိန်အတွင်း ခရီးသည်က အရေးပေါ်ခလုတ်ကို နှိပ်လိုက်ရုံနဲ့ ခရီးစဉ်ရဲ့ အသေးစိတ်အချက်အလက်တွေကို အရေးပေါ် ဆက်သွယ်ရန် ထည့်သွင်းထားတဲ့ ဖုန်းနံပါတ်တွေထံ အလိုအလျောက် SMS ပေးပို့သွားမှာပါ။ ဒါ့အပြင် ခရီးသည်တွေအနေနဲ့"Auto-alert (အလိုအလျောက် သတိပေးခြင်းစနစ်)" ကိုလည်း ဖွင့်ထားနိုင်ပြီး ဝေးလံတဲ့ နေရာတွေကို ညဉ့်နက်ချိန် သွားလာရတာမျိုးလို ပုံမှန်သွားလာနေကျ မဟုတ်တဲ့ခရီးစဉ်တွေ ရှိလာပါက Grab က အရေးပေါ် ဖုန်းနံပါတ်တွေထံ အလိုအလျောက် SMS ပေးပို့ပေးတဲ့ စနစ်ကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ “Auto-alert (အလိုအလျောက် သတိပေးခြင်းစနစ်)” ကို ဖွင့်လှစ်ထားခြင်းကြောင့် ကိုယ့်ရဲ့ခရီးစဉ် အသေးစိတ်အချက်အလက်တွေကို အရေးပေါ် ဖုန်းနံပါတ်တွေထံ ပေးပို့ထားကြောင်းကို ကိုယ့်ဆီကိုပါ ပြန်လည်အသိပေးသွားမှာပါ။

Grab နဲ့ စီးနင်းသွားလာနေချိန်အတွင်း ဝင်ဝင်ချင်းစာမျက်နှာမှာတင် အရေးပေါ် ခလုတ်ကို ပြသထားတာကြောင့် အကြောင်းကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်လာပါက တစ်ချက်နှိပ်လိုက်ရုံနဲ့ နီးစပ်ရာ ရဲစခန်းသို့ ခေါ်ဆိုနိုင်မှာလည်း ဖြစ်ပါတယ်။

Grab ရဲ့ App အတွင်း ထည့်သွင်းထားတဲ့ Help Centre အသစ်ကတော့ အကူအညီ လိုအပ်နေတဲ့ ခရီးသည်တွေအတွက် အထောက်အပံ့ဖြစ်စေရန် ဖြည့်စွက်ထားတာပါ ။ ကိုယ်တိုင်ဝင်ရောက် လေ့လာအသုံးချနိုင်တဲ့ Help Centre မှာ ခရီးသည်တွေ မကြာခဏ မေးမြန်းတတ်တဲ့ မေးခွန်းတွေကို စုစည်းကာ လမ်းညွှန်ချက်များ ထည့်သွင်းပေးထားတာကြောင့် ခရီးသည်အနေနဲ့ Customer Support Centre ကိုဖုန်းဆက်မေးမြန်းဖို့ မလိုအပ်တော့ဘဲ သိလိုတာတွေကို ရှာဖွေကြည့်ရှု ဖြေရှင်းနိုင်မှာဖြစ်တဲ့အပြင် အကြံပြုလိုတာရှိရင်လည်း လွယ်ကူလျင်မြန်စွာ  ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ Help Centre မှာ ကားပေါ်မှဆင်းအပြီး GrabTaxi ပေါ်မှာ ပစ္စည်းမေ့ကျန်ခဲ့တဲ့ ခရီးသည်တွေ၊ ကားငှားရမ်းရာမှာ အဆင်မပြေမှု ရှိခဲ့တဲ့ ခရီးသည်တွေ၊ မိတ်ဖက်ယာဉ်မောင်းနဲ့ ငွေပေးချေရန်ကိစ္စ ဒါမှမဟုတ် နားလည်မှုလွဲမှားတဲ့ကိစ္စ ကြုံတွေ့နေရတဲ့ ခရီးသည်တွေ ပြုလုပ်သင့်တဲ့ အချက်တွေအပါအဝင် Grab အက်ပလီကေးရှင်း အသုံးပြုပုံနဲ့ GrabRewards ရှိ loyalty programme မှာပါဝင်ပုံ စတဲ့ အထွေထွေ မှတ်သားစရာလေးတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

ခရီးသည်တွေ အတွက် Grab အက်ပလီကေးရှင်းမှာ ထည့်သွင်းပေးထားတဲ့ အခြား လုံခြုံရေး လုပ်ဆောင်ချက်တွေကတော့ -

●        ခရီးသည်များအနေဖြင့် မိမိတည်ရှိရာနေရာကို မိသားစု၊ သူငယ်ချင်းများအား ပေးပို့ပြီး အချိန်နှင့် တပြေးညီ ခြေရာခံနိုင်သည့် GPS စနစ် အသုံးပြုနိုင်သော Share-My-Ride လုပ်ဆောင်ချက်

●        စီးနင်းခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်၍ အကြံပြုချက်နှင့် ဝေဖန်ချက်များ ပေးပို့နိုင်သည့် App အတွင်း ပါရှိသော မိတ်ဖက်ယာဉ်မောင်းများအား အဆင့်သတ်မှတ်ပေးနိုင်ခြင်းနှင့် အကြံပြုနိုင်ခြင်း လုပ်ဆောင်ချက်

●        ခရီးသည်များအတွက် အချိန်မရွေး ကူညီပေးနိုင်မည့် 24/7 hotline ဝန်ဆောင်မှု

တို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် Grab မှ မိတ်ဖက်ယာဉ်မောင်းတွေ အားလုံးကိုလည်း Grab ပလက်ဖောင်းမှာ စာရင်းမပေးသွင်းမီ စနစ်တကျ စစ်ဆေးမှုတွေပြုလုပ်ထားပြီး လမ်းခရီးမှာ အကြောင်းကိစ္စ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကြိုတင် သင်တန်းပေးပို့ချမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Grab ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေအတွက် Driver အက်ပလီကေးရှင်းမှာလည်း အောက်ပါ လုံခြုံရေး လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။

●        Grab ဖြင့် မောင်းနှင်သော လမ်းကြောင်းများ အားလုံးကို အချိန်နှင့် တစ်ပြေးညီ ခြေရာခံနိုင်ခြင်း။  မောင်းနှင်ပြီးသည့် လမ်းကြောင်းများ၏ အချက်အလက်များကို သိမ်းဆည်းပေးထားသောကြောင့် မည့်သည့် အကြောင်းကိစ္စမဆို Grab မှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပေးနိုင်ခြင်း။

●        အကူအညီ လိုအပ်ပါက တောင်းဆိုနိုင်ရန်နှင့် အကြံပြုချက်များ မျှဝေနိုင်ရန် Grab Partner Care အဖွဲ့ကို ဆက်သွယ်နိုင်ခြင်း။

●        Grab Driver အက်ပလီကေးရှင်း ၏ “Support” နေရာတွင် Help Centre လုပ်ဆောင်ချက် ထည့်သွင်းပေးထားသောကြောင့် မိတ်ဖက်ယာဉ်မောင်းများမှာ Customer Experience အဖွဲ့သို့ တိုက်ရိုက် ဆက်သွယ်နိုင်ပြီး ပြဿနာဖြစ်ပွားပါက တိုင်ကြားခြင်း သို့မဟုတ် အကြောင်းကြားခြင်းများ ပြုလုပ်ကာ  မြန်ဆန်ထိရောက်စွာ အကူအညီရယူ ဖြေရှင်းနိုင်ခြင်း။

●        မိတ်ဖက်ယာဉ်မောင်းများအတွက် မောင်းနှင်ပြီးစီးခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်၍ အကြံပြုချက် ပေးပို့နိုင်သည့် App အတွင်း ပါရှိသော ခရီးသည်များအား အဆင့်သတ်မှတ်ပေးနိုင်ခြင်းနှင့် အကြံပြုနိုင်ခြင်း လုပ်ဆောင်ချက်

●        မိတ်ဖက်ယာဉ်မောင်းများအတွက် အချိန်မရွေး ကူညီပေးနိုင်မည့် 24/7 hotline ဝန်ဆောင်မှု

အသစ် ထည့်သွင်းပေးထားတာတဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်ရန် Grab အက်ပလီကေးရှင်းအား update ပြုလုပ်ဖို့တော့လိုအပ်မှာဖြစ်ပါတယ်။ လုပ်ဆောင်ချက်အသစ်တွေနဲ့ပတ်သက်ပြီး ပိုမို သိရှိလိုပါက https://www.grab.com/mm/blog/helpcentre/ နဲ့ Grab Myanmar အကြောင်း အသေးစိတ် သိရှိလိုပါက http://www.grab.com သို့မဟုတ် www.facebook.com/GrabMM တို့မှာ ဝင်ရောက်လေ့လာ ကြည့်ရှု့နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD