AD
AD
AD
play

 

ကမ္ဘာကျော် ကားကုမ္ပဏီကြီးဖြစ်တဲ့ BMW ဟာ စိတ်ကူးယဉ်ခဲ့တဲ့ နည်းပညာကို လက်တွေ့ အကောင်အထည် ဖော်လိုက်ပါပြီ။ ယာဉ်မောင်းရော စီးနင်းလိုက်ပါသူတွေပါ ကိုယ်ဟန်အမူအယာနဲ့ ကားကို ထိန်းချုပ်နိုင်တဲ့ နည်းပညာပါ။

Airtouch လို့ ခေါ်တဲ့ နည်းပညာကို BMW က အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂတ်စ်မြို့မှာ ပြုလုပ်မယ့် 2016 Consumer Electronics Show မှာ စတင် မိတ်ဆက်မယ်လို့ သိရပါတယ်။

play

 ဒီနည်းပညာမှာ ယာဉ်မောင်းနဲ့ စီးနင်းလိုက်ပါသူတွေဟာ ကားရဲ့ ဘယ်အစိတ်အပိုင်းကိုမှ ထိတွေ့ကိုင်တွယ်စရာမလိုဘဲ ကိုယ်ဟန်အမူအယာတွေနဲ့ အမိန့်ပေး ထိန်းချုပ်နိုင်ဖို့  ကား စတီယာရင်လက်ကိုင်မှာ ခလုတ်တစ်ခုကို ဝှက်ပြီး ထည့်သွင်းပေးထားမှာပါ။

play

 

ဒီနည်းပညာကို BMW ရဲ့ i8 Spyder ကားတွေမှာ ပါဝင်လာဖွယ်ရှိနေတယ်လို့လည်း Dailymail သတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။ BMW ကားကုမ္ပဏီဟာ ယခုနှစ်ကစပြီး ကိုယ်ဟန်အမူအယာနဲ့ ကားကိုထိန်းချုပ်နိုင်တဲ့ နည်းစနစ်တွေကို နောက်ဆုံးပေါ် 7 Series ဇိမ်ခံကားတွေမှာ ထည့်သွင်းခဲ့ပါတယ်။ ကားတစ်စီးလုံးမှာ အာရုံခံ ကိရိယာတွေကို တပ်ဆင်ထားတာကြောင့် ကိုယ်ဟန်အမူအယာတွေနဲ့ ကားကို ထိန်းချုပ်ခြင်းဟာ ယာဉ်တိုက်မှုတွေကိုလည်း လျှော့ချပေးနိုင်မှာပါ။

Source & Photo : Dailymail

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD