AD
AD
AD

 

play

 

အနီရောင်ရင့်ရင့်နဲ့ Brancott Estate Pinot Noir ဝိုင်ဟာ အနက်ရောင်ချယ်ရီသီးနဲ့ မက်မွန်သီးတို့ရဲ့အရောင်နဲ့အနံ့ ထင်ထင်ရှားရှားပေါ်လွင်တဲ့ဝိုင်မျိုးပဲ ဖြစ်ပါတယ်။ Brancott Estate ဟာဆိုရင် ဒီအမျိုးအစားဝိုင်တွေထဲမှာ တမူထူးခြားတဲ့ ဝိုင်လည်း ဖြစ်ပါတယ်။ ဒီဝိုင်ကို ပြင်သစ်သိုးနံရိုးကင်နဲ့ တွဲဖက်သုံးဆောင်ကြည့်ရင် ထူးထူးခြားခြားလိုက်ဖက်ညီတဲ့ အရသာကိုခံစားရမှာပါ။

ပြင်သစ်သိုးနံရိုးကင် မှာပါဝင်တဲ့ပစ္စည်းတွေနဲ့ ချက်ပြုတ်ပုံနည်းလမ်းကိုလည်း ဖော်ပြပေးချင် ပါတယ်။

ပါဝင်ပစ္စည်းများ

၁။ ခုတ်ပြီးသား သိုးနံရိုးသား

၂။ ဟင်းသီးဟင်းရွက်ဆီ

၃။ ဆားနှင့် ငရုတ်ကောင်း

၎။ အသီးအရွက်ကင်များ

၅။ အားလူး

၆။ အခွံမနွှာရသေးသောကြက်သွန်ဖြူ

၇။ ရို့မယ်ရီရွက်အနည်းငယ်

၈။ ရွက်စားမုန်လာ

၉။ မုန်လာဥနီ

၁၀။ ဘိုစားပဲသီး

၁၁။ ပဲစိမ်း

ချက်ပြုတ်ပုံနည်းလမ်း

အာလူးများကို အခွံနွှာပြီး တစ်ဝက်လောက်ကျက်သည်အထိ မကျက်တကျက်ပြုတ်ပါ။ ပြီးရင် ရေတွေကိုသွန်ပစ်ပြီး အအေးခံပါ။ အေးသွားပြီဆိုရင် အာလူးတွေကိုအနည်းငယ် ဖိသိပ်ပေးပါ။ ဒီလိုလုပ်ခြင်းဖြင့် ကင်လိုက်တဲ့အခါမှာ အာလူးက ကြွတ်ကြွတ်ရွရွလေးဖြစ်နေမှာပါ။ အကင်ဒယ်ထဲထည့်ပြီး ဆီ နဲ့ ဆားတို့သုတ်လိမ်းပါ။ ရို့စ်မယ်ရီခက်လည်းထည့်ပါ။ ကြည်သွန်ဖြူကို အညှာနဲ့ခေါင်းဖြတ်ပြီး အာလူးနဲ့ရောထည့်ပါ။

မုန်လာဥနီကို အခွံနွှာပါ။ ပြီးရင် ရွက်စားမုန်လာနဲ့အတူ အကင်ဒယ်ထဲထည့်ပြီး ဆီးအနည်းငယ်ဖြန်းပေးပါ။ ပြီးရင် မိုက်ခရိုဝေ့ဗ်မီးဖိုထဲပြီး ရွှေညိုရောင်ဖြစ်တဲ့အထိချက်ပါ။

အသီးအရွက်တွေကို ချက်နေတဲ့အချိန်မှာ သိုးနံရိုးတွေကို ဆီသုတ်လိမ်း၊ ဆားနယ်ခြင်းများ ပြုလုပ်ပါ။ ထို့နောက် အကြော်ဒယ်ကို မီးအလယ်အလတ်လောက်ထားပြီး သိုးနံရိုးတွေကို အညိုရောင်တညီတည်းဖြစ်တဲ့အထိ ကင်ပေးပါ။

အဲဒီနောက် အသီးအရွက်တွေကျက်ဖို့ ၁၀ မိနစ်၊ ၁၅ မိနစ်အလိုလောက်အရောက်မှာ သိုးနံရိုးတွေကို မိုက်ခရိုဝေ့ဗ်ထဲထည့်ပါ။ ကိုယ့်အကြိုက်အနေအထားလောက်ရပြီဆိုရင်အိုးထဲကထုတ်ယူပြီး အသီးအရွက်တွေနဲ့ သိုးသားတို့ကို ဘိုစားပဲသီး၊ ပဲစိမ်းတို့နဲ့အတူ ပန်းကန်ထဲထည့်ပြီး သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD