AD
AD
AD

play

 

Ocean Super Center ကကြီးမှူးကျင်းပခဲ့တဲ့ Mrs.Ocean Beauty Pageant 2017 ပြိုင်ပွဲအထိမ်းအမှတ် CSR လှုပ်ရှားမှု အဖြစ် ရန်ကုန်အမျိုးသမီးလေးများသင်တန်းကျောင်းမှာ စိတ်ဓါတ်ခွန်အားတိုးတက်ဖွယ်ရာစာပေဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာမနုနုရည်(အင်းဝ) ကဟောပြောခဲ့တယ်လို့ သတင်းရရှိပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ကပြုလုပ်ခဲ့တဲ့ အဲဒီစာပေဟောပြောပွဲမှာ ဆရာမနုနုရည်(အင်းဝ) က " ကလေးများနှင့် ကဗျာ၊ ကလေးများနှင့် စာ " ခေါင်းစဉ်နဲ့ ရန်ကုန်အမျိုးသမီးလေးများသင်တန်းကျောင်းမှ သင်တန်းသူလေးတွေကို ဟောပြောသွားခဲ့ပါတယ်။

ဒီအစီအစဉ်မှာ Ocean Supercenter နဲ့အတူ Mrs.Ocean Beauty Pageant 2017 ပြိုင်ပွဲဝင်ဆန်ခါတင် ၉ ဦးတို့က အမှတ်တရပူးပေါင်းပါဝင်ခဲ့ကာ Ocean Supercenter ကအဲဒီနေ့တစ်ရက်စာအတွက် အာဟာရအလှူအပြင် သင်တန်းသူလေးတွေအတွက် ကိတ်မုန့်တွေ၊ ဗလာစာအုပ် နဲ့ စာရေးကိရိယာတွေလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ဒါ့အပြင် Life & Dance အကအဖွဲ့၊ မျက်လှည့်ပညာရှင် ဒေးဗစ်မောင်မောင်တို့ကလည်း ကလေးတွေကို ပျော်ရွှင်စရာအစီအစဉ်တွေနဲ့ ဖျော်ဖြေတင်ဆက်ခြင်း၊ မုန့်နဲ့အအေးတွေကို လက်ဆောင်ပေးခြင်းတို့ဖြင့် မေတ္တာနဲ့ ပါဝင်ကူညီခဲ့ပါသေးတယ်။

သင်တန်းသူလေးတွေ စိတ်ဓါတ်ခွန်အားတက်စေဖို့အတွက် ပျော်ရွှင်စရာဂိမ်းအစီအစဉ်တွေနဲ့ဆော့ကစားခဲ့ကြသေးတယ် လို့လည်း သိရပါတယ်။

play

 

သြဂုတ်လအတွင်းက ကျင်းပခဲ့တဲ့ Mrs.Ocean အလှမယ်ပြိုင်ပွဲဟာ ဆဋ္ဌမအကြိမ်မြောက်ပြိုင်ပွဲဖြစ်ပြီး အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အိမ်ထောင်ရှင်အမျိုးသမီးပြိုင်ပွဲဝင်ပေါင်း ၅၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD