AD
AD
AD
play

 

City Mart Supermarket ရဲ့ ၂၂ နှစ်ပြည့် အထိမ်းအမှတ် အထူးဈေးရောင်းပွဲတော်ကြီးကို သြဂုတ်လ ( ၂ )ရက်နေ့ မှ ( ၁၅ ) ရက်နေ့အထိ ရန်ကုန်၊ မန္တလေးရှိ City Mart Supermarket ဆိုင်ခွဲအားလုံးမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

City Mart Supermarket ရဲ့ (၂၂) နှစ်ပြည့် အထိမ်းအမှတ် ဈေးရောင်းပွဲတော်မှာ ဈေးဝယ်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပရိုမိုးရှင်းကာလကို သြဂုတ်လ ( ၂ )ရက်နေ့ မှ ( ၁၅ ) ရက်နေ့အထိ သတ်မှတ်ထားပြီး 22 Anniversary Promotion ပစ္စည်းတွေ ၀ယ်ယူမှုတိုင်းအတွက် 22% အထိ Discount တွေ ဆုလက်ဆောင်တွေပေးသွားမယ့်အပြင် ကျပ်ငါးသောင်းဖိုးနဲ့အထက် ၀ယ်ယူသူတိုင်းအတွက် ကျပ်(၂,၀၀၀)တန် ဈေးဝယ်ခွင့် ကူပွန်တွေ ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။

City Mart Supermarket ရဲ့ “ဈေးဝယ်သူမိဘပြည်သူများ၏ အကြိုက်ဆုံးသော ဈေးဝယ်စင်တာဖြစ်စေရန်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ City Mart Supermarkt တိုင်းမှာ အကောင်းဆုံးကုန်ပစ္စည်းတွေကို အမျိုးအစားစုံလင်မှု၊ သန့်ရှင်းလတ်ဆတ်မှု၊ အရည်အသွေးကောင်းမွန်မှု၊ သင့်တင့်မျှတတဲ့ ဈေးနှုန်း တို့နဲ့ ဈေးဝယ်သူတွေရဲ့ လိုအပ်ချက်တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ၀ယ်ယူဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပြီး City Mart Suermarket တွေကို ဖွင့်လှစ်ထားခြင်းပဲ ဖြစ်ပါတယ်။

ပထမဆုံး City Mart Supermarket ကို ၁၉၉၆ ခုနှစ်မှာ ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ယခုအခါ မြန်မာနိုင်ငံရှိ ရန်ကုန် ၊ မန္တလေး ၊ မြို့ကြီး ( ၂ )မြို့မှာ ဆိုင်ခွဲပေါင်း( ၂၄ )ဆိုင် ဖွင့်လှစ်ထားပြီး  မြန်မာနိုင်ငံရဲ့ ဈေးကွက်ဝေစုအများဆုံးရရှိထားတဲ့ Supermarket တစ်ခု အဖြစ်ရပ်တည်လျက်ရှိပါတယ်။ နေ့စဉ်ဝယ်ယူသူ         ၁၀၀,၀၀၀       ကျော်အားလည်းဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။ ယခု ၂၀၁၈ ခုနှစ်မှာလည်း loyalty program သစ်တစ်ခုနဲ့ ဆန်းသစ်တီထွင်တဲ့ ဈေးဝယ်မှုအတွေ့အကြုံသစ်တွေကို ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်လျက်ရှိပါတယ်။

City Mart Supermarket အနေနဲ့ ဆိုင်ခွဲတွေ ပိုမိုတိုးချဲ့ဖွင့်လှစ်ပြီး မြန်မာနိုင်ငံရဲ့ ရန်ကုန် နဲ့ မန္တလေး မှာရှိတဲ့ စားသုံးသူမိဘပြည်သူတွေကို စိတ်ကျေနပ်နှစ်သက်မှုရရှိစေမယ့် ၀န်ဆောင်မှုကောင်းတွေနဲ့ ဆန်းသစ်တီထွင်ပြီး အသစ်အသစ်သော ဈေးဝယ်မှု အတွေ့အကြုံသစ်များပေးစွမ်းနိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိတဲ့အပြင် မိမိတို့ရဲ့လူမှုအဖွဲ့အစည်းအတွက် ပြန်လည် အကျိုးပြုနိုင်မယ့် လုပ်ငန်းတွေကိုလည်း အလေးထားဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD