AD
AD
AD
play

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ-သြစတြေးလျ အထူးထိပ်သီး အစည်းအဝေးတက်ရောက်ဖို့ အတွက် သြစတြေးလျနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက မတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သြစတြေးလျ ဓနသဟာယနိုင်ငံဝန်ကြီးချုပ် မဲလ်ကွန်တန်ဘဲလ်ရဲ့ ဖိတ်ကြားချက်အရ တရားဝင် ချစ်ကြည်ရေး ခရီးသွားရောက်ဖို့နဲ့ ဆစ်ဒနီမှာကျင်းပမယ့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီး အစည်းအဝေးတက်ရောက်ဖို့ သွားမှာဖြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ။

play

 

"ကျွန်တော်တို့ ခရီးစဉ်နဲ့ပါတ်သတ်တဲ့အသေးစိတ်ကိုတော့ မကြာခင်ထုတ်ပြန်သွားမှာပါ။ သွားမယ့်ရက်ကတော့ မကြာခင်ဖြစ်ပါလိမ့်မယ်။ သတင်းထုတ်ပြန်သွားပါလိမ့်မယ်"လို့ သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေးက ဓူဝံကို ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံမှာ ဇန်န၀ါရီလတုန်းကပြုလုပ်တဲ့ အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေး ၂၅  နှစ်မြောက် အထိမ်းအမှတ်ထိပ်သီးအစည်းအဝေးနဲ့ ၆၉နှစ်မြောက် အိန္ဒိယ အမျိုးသားနေ့အအခမ်းအနားကို နောက်ဆုံးသွားရောက်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD