AD
AD
AD
play

 

Korea Tourism Organization ရဲ့ ကူညီပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံရဲ့ နံပါတ်တစ်အွန်လိုင်းမီဒီယာ ဓူဝံက စီစဉ်ကျင်းပတဲ့ Dream For Korea ပြိုင်ပွဲကြီးကနေ ကိုရီးယားကိုစားရိတ်ငြိမ်းအခမဲ့သွားခွင့်ရသွားတဲ့ Winner ၄ ယောက်နဲ့ ဆုရရှိသူတွေ ထွက်ပေါ်လို့လာပါပြီ။

Dream For Korea ပြိုင်ပွဲကြီးကို -Pop၊ K-Fashion၊ K-Food၊ K-Drama၊ K-Pop ဆိုတဲ့ကဏ္ဍ ၄ ခုခွဲပြီးပြုလုပ်ခဲ့ကာ ပြိုင်ပွဲဝင်တွေဟာ K-Pop၊ K-Fashion၊ K-Food၊ K-Drama၊ K-Pop ဆိုတဲ့ ၄ မျိုးထဲက ကိုယ်အားသန်တာတစ်ခုခုကို ကိုယ့်စိတ်ကြိုက် စက္ကန့် ၃၀ စာဗွီဒီယိုလေးတစ်ခုဖန်တီးပြီး Duwun ကဖန်တီးထားတဲ့ Video Contest Facebook Event တွေထဲကသက်ဆိုင်ရာ Event မှာကိုယ့်ရဲ့ ဗွီဒီယိုကို Upload လုပ်ပြီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာပါ။

Video Contest Event မှာတင်ထားတဲ့ဗွီဒီယိုတွေထဲကနေ ဓူဝံအဖွဲ့သားတွေက စကာတင် ၁၀ ခုရွေးချယ်ပြီး စကာတင်ဗွီဒီယိုတွေကို Duwun TV Page မှာ ဇွန်လ ၁၈ ရက်နေ့ကနေ ၂၈ ရက်နေ့အထိတင်ထားခဲ့ပါတယ်။ ဗွီဒီယို ၁၀ ခုထဲက Online Voting( Reaction အများဆုံးရရှိမှု) ၅၀ ရာခိုင်နှုန်း၊ ဓူဝံအဖွဲ့သားတွေရဲ့ရွေးချယ်မှု ၅၀ ရာခိုင်နှုန်း နဲ့ဆုရရှိသူတွေကို ရွေးချယ်ခဲ့ပါတယ်။

မျှတတဲ့ရလဒ်တွေထွက်ပေါ်လာအောင် အွန်လိုင်း Voting နဲ့ Duwun အဖွဲ့သားတွေရဲ့ရွေးချယ်မှုတို့ကို အချိုးကျရွေးချယ်ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီလိုအဆင့်ဆင့်ရွေးချယ်မှုတွေကနေထွက်ပေါ်လာတဲ့ Dreams for Korea ပြိုင်ပွဲကြီးမှာ အနိုင်ရရှိပြီး Duwun TV နဲ့အတူ ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်ခွင့်ရရှိသွားသူလေးယောက်ကတော့ "ကိုအောင်ကောင်းမြတ်သူ" (K-Drama), "မခင်ကြည်ပြာ" (K-Fashion), "ကိုကောင်းမြတ်ကျော်" (K-Food), "ကိုဇန်းတေဇ" (K-Pop)" တို့ပဲဖြစ်ပါတယ်။

ပြိုင်ပွဲတစ်ခုချင်းစီအတွက် ဆုရရှိသူတွေကတော့...

K-Pop ပြိုင်ပွဲအတွက် - ပထမဆု - Zayn Tay Za၊ ဒုတိယဆု - Si Thu၊ တတိယဆု - Chaw Thiri Khine

K-Fashion ပြိုင်ပွဲအတွက် - ပထမဆု - Khin Kyi Pyar ၊ ဒုတိယဆု -Aye Myat Phyu Sin၊ တတိယဆု - Mya Thin Q

K-Food ပြိုင်ပွဲအတွက် - ပထမဆု - Kaung Myat Kyaw၊ ဒုတိယဆု - Michi Ko၊ တတိယဆု - Khin Nwe Mar Swe

K-Drama ပြိုင်ပွဲအတွက် - ပထမဆု - Aung Kaung Myat Thu၊ ဒုတိယဆု - May Phoo Nyein၊ တတိယဆု - Thet Htar Swe တို့ပါပဲ။

ပြိုင်ပွဲမှာဆုရရှိသူတွေဟာ မကြာမီကိုရီးယားကိုသွားရောက်ဖို့အတွက် ဗီဇာကိစ္စ၊ ဆုကြေးထုတ်ယူရန်ကိစ္စတွေအတွက် Duwun နဲ့ဆက်သွယ်ကာ အဆင့်ဆင့်လုပ်ဆောင်လျက်ရှိနေပါပြီ။ဆုတွေအနေနဲ့ ဒီပြိုင်ပွဲရဲ့ Winner ဆုရှင်က Duwun TV အဖွဲ့နဲ့အတူ ကိုရီးယားနိုင်ငံရဲ့ အထင်ကရနေရာတွေကို စားရိတ်ငြိမ်းသွားရောက်လည်ပတ်ခွင့်၊ ဗီဇာကြေး၊ ဆုငွေ ၂ သိန်းကျပ်အပြင် Duwun TV နဲ့ဗွီဒီယိုတစ်ပုဒ်ရိုက်ကူးခွင့် တို့ကိုရရှိမှာပါ။ First Runner Up ဆုရှင်ကတော့ ဆုငွေ ၁ သိန်းကျပ်ရရှိမှာဖြစ်ပြီး Second Runner Up ဆုရှင်က ဆုငွေ ၅ သောင်းကျပ်ရရှိမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD