AD
AD
AD
play

 

Dulwich College International (DCI) မြန်မာနိုင်ငံတွင် ရောက်ရှိပြီဖြစ်ကြောင်းနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အသက် ၂ နှစ်မှ ၁၁ နှစ်အထိ ကျောင်းသားတွေကို ကျောင်းအပ် စတင်လက်ခံနေပြီလို့သိရပါသည်။

ဗြိတိသျှ သံအမတ် Mr Andrew Patrick က “Dulwich College ကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်နိုင်ပါပြီ။ Dulwich ဟာ ၁၆၁၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ယူကေရဲ့ သက်တမ်းအရင့်ဆုံးနဲ့ ဂုဏ်သတင်း ကြီးမားတဲ့ ပုဂ္ဂလိကကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။ အခုလို အရည်အသွေးရှိတဲ့ ဗြိတိသျှ စာသင်ကျောင်းတွေ ရောက်ရှိလာခြင်းက မြန်မာနိုင်ငံအတွက် အကျိုးအမြတ် အများကြီးဖြစ်မှာပါ” ဟု ပြောကြားခဲ့ပါတယ်။

Yoma Strategic Holdings ၏ အမေရိကန် ဒေါ်လာသန်း ၃၀ ကျော် ရင်းနှီးမြှုပ်နှံမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ပန်းလှိုင်နှင့် သန်လျင်ကြယ်စင်အိမ်ရာရှိ ကျောင်းတည်ဆောက်ရေး လုပ်ငန်းစဉ်မှ ကျောင်းနှစ်ကျောင်းတို့ကို Dulwich College Yangon (DCY) ဟု တပေါင်းတစည်းတည်း ခေါ်တွင်သွားမည်ဖြစ်ပြီး၊ Dulwich College International (DCI) သည် အဆိုပါ ကျောင်းနှစ်ကျောင်းတို့၏ ပညာရေးဆိုင်ရာအကြံပေးအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

play

 

“မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေချိန်မှာ Dulwich College Yangon ကို ဖွင့်လှစ်နိုင်အောင်လို့ လုပ်ဆောင်နိုင်ခဲ့တာဟာ တကယ့်ကို ဂုဏ်ယူစရာပါ။ Dulwich College ကို ရန်ကုန်မှာဖွင့်လှစ်ခြင်းက Dulwich ပညာရေးကို ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်နိုင်တာဖြစ်တဲ့အတွက် အထူးပင်ဝမ်းမြောက်မိပါတယ်။” ဟု ၁၉၅၉-၁၉၆၆ ခုနှစ် ကျောင်းသားဟောင်း (Old Alleynian) နှင့် Dulwich College London Board of Governors ၏ ဥက္ကဋ္ဌ ဖြစ်ပြီး CBE ဘွဲ့ချီးမြှင့်ခံရသူ The Right Honorable Peter Riddell မှ ပြောသည်။

Dulwich College Yangon သည် ယူကေနိုင်ငံမှ လူသိများပြီးထင်ရှားသော ပုဂ္ဂလိက ကျောင်းတစ်ကျောင်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံတကာကျောင်း ဖြစ်လာပါမည်။

Dulwich College Yangon တွင် တက်ရောက်မည့်ကျောင်းသားများအနေဖြင့် လူအယောက် ၅၀၀ ကျော် ကြည့်ရှုနိုင်မည့် အနုပညာ ဖျော်ဖြေရေးရုံ၊ လူအယောက် ၃၅၀ ဆံ့ပြဇာတ်ရုံ၊ ဓာတုဗေဒ ဓာတ်ခွဲခန်းများ၊ အနုပညာဒီဇိုင်းစတူဒီယိုများ၊ စာကြည့်တိုက်များ၊ အားကစားခန်းမရုံများ၊ ၂၅ နှင့် ၅၀ မီတာရှိ ရေကူးကန်များအပြင် အားကစားကွင်းများလည်း ပါရှိမှာပါ။

play

 

ထို့အပြင် Dulwich College Yangon သည် Dulwich College International ကျောင်း မိသားစုဝင်များဖြစ်သည့် ရှန်ဟိုင်း၊ ဘေဂျင်း၊ စူးကျိုး၊ ဆိုးလ်၊ စင်္ကာပူရှိ ကောလိပ်ကျောင်းများ၊ စူးကျိုးနှင့် ကျူးဟိုင်တို့ရှိ Dulwich College International အထက်တန်းကျောင်းနှစ်ကျောင်းတို့ တည်ရှိသည်။

Dulwich College Yangon ရဲ့ Pun Hlaing Campus မှာတော့ ကျောင်းအပ်လက်ခံမှုများကို ၂၀၁၆/၂၀၁၇ နှင့် ၂၀၁၇/၂၀၁၈ ပညာသင်နှစ်များအတွက် ဆက်တိုက်လက်ခံပေးနေပြီး၊ Star City Campus အတွက် ကျောင်းအပ်လက်ခံမှုများကိုတော့ ၂၀၁၇ နှစ်၊ သြဂုတ်လမှာ စတင်မှာပါ။

ကျောင်းအပ်ရန် အသေးစိတ် စုံစမ်းမေးမြန်းလိုပါက : admissions@dulwich-yangon.com.mm

Dulwich College Yangon ဝက်ဘ်ဆိုက်: www.dulwich-yangon.com.mm

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD