News: ဗြိတိသျှပုဂ္ဂလိကပညာရေးနည်းလမ်းနဲ့သင်ကြားနေတဲ့ Dulwich College Yangonရဲ့ ကျောင်းသစ်များ မိတ်ဆက်ပွဲကျင်းပ

Dulwich College Yangon ဟာဆိုရင် ကလေးတွေကို Pre School တန်းကစတင်ပြီး ဗြိတိသျှပုဂ္ဂလိက ပညာရေးနည်းလမ်းအတိုင်း သင်ကြားနေတဲ့ ကျောင်းဖြစ်ပြီး လန်ဒန်မြို့က ပညာရေးနယ်ပယ်မှာ နှစ်ပေါင်း ၄၀၀ အတွေ့အကြုံရှိ ပုဂ္ဂလိကကျောင်းကြီး Dulwich College နဲ့တိုက်ရိုက် ချိတ်ဆက်ထားတဲ့ မြန်မာနိုင်ငံက ပထမဆုံးကျောင်းလည်း ဖြစ်ပါတယ်။

 

Dulwich College Internationl Schools ကွန်ရက်ရဲ့ အဖွဲ့ဝင်ကျောင်းတစ်ကျောင်းဖြစ်တဲ့ Dulwich College Yangon ကနေပြီး ရန်ကုန်မြို့ရှိ ၎င်းရဲ့ကျောင်းအသစ်တွေမိတ်ဆက်ပွဲအခမ်းအနားတစ်ရပ်ကို ဒီဇင်ဘာလ၊ ၁၈ ရက်နေ့က ကျင်းပသွားခဲ့ပါတယ်။

Dulwich College Yangon ဟာဆိုရင် ကလေးတွေကို Pre School တန်းကစတင်ပြီး ဗြိတိသျှပုဂ္ဂလိက ပညာရေးနည်လမ်းအတိုင်းသင်ကြားနေတဲ့ ကျောင်းဖြစ်ပြီး လန်ဒန်မြို့က ပညာရေးနယ်ပယ်မှာ နှစ်ပေါင်း ၄၀၀ အတွေ့အကြုံရှိ ပုဂ္ဂလိကကျောင်းကြီး Dulwich College နဲ့တိုက်ရိုက် ချိတ်ဆက်ထားတဲ့ မြန်မာနိုင်ငံက ပထမဆုံးကျောင်းလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်လ်မှာ ကျင်းပသွားခဲ့တဲ့ Dulwich College Yangon ရဲ့ ကျောင်းသစ်တွေမိတ်ဆက်ပွဲ အခမ်းအနားမှာ ပန်းလှိုင်အိမ်ရာ နဲ့ ကြယ်စင်မြို့တော်အိမ်ရာတို့မှာတည်ရှိပြီး အဆင်မြင့်နည်းပညာတွေ အသုံးပြုတည်ဆောက်ထားတဲ့ ကျောင်းအသစ် ၂ ကျောင်းကို အဓိကမိတ်ဆက်သွားခဲ့ပါတယ်။