News: မြို့ပြဂီတဝါသနာရှင် လူငယ်များစွာ ပါဝင်မယ့် Duwun Urban Talent (Acoustic Cover) ပြိုင်ပွဲ

ဂီတဝါသနာရှင်များစွာ ပါဝင်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဖြစ်ပြီး အခမဲ့သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

play

 

ရွက်ပုန်းသီး ဂီတအနုပညာရှင်တွေကို မွေးထုတ်မြေတောင်မြှောက်ပေးမယ့် ရည်ရွယ်ချက်နဲ့ ကျင်းပတဲ့ Duwun Urban Talent (Acoustic Cover) ပြိုင်ပွဲကို ဒီဇင်ဘာ ၂၇ ရက်နေ့ရောက်ရင် အင်းလျားလမ်း၊ အင်းလျားကန်ဘောင်က စိမ်းလန်းစိုပြည် ဥယျာဉ်မှာ ညနေ ၆ နာရီကနေ ၈ နာရီအထိကျင်းပသွားမှာ ဖြစ်ပါတယ်။

Duwun ကစီစဉ်ကျင်းပနေတဲ့ Urban Talent ပွဲတွေထဲမှာ ပထမဆုံး Acoustic ပြိုင်ပွဲဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ မြို့ပြရဲ့ လူငယ် ဂီတဝါသနာရှင် အဖွဲ့ပေါင်း ၁၀ ဖွဲ့အထိ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့်အချက်ဖြစ်ပါတယ်။ Duwun Urban Talent (Acoustic Cover) ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂီတဝါသနာရှင် အများစုဟာ တက္ကသိုလ်တစ်ဖက်နဲ့ ဝါသနာပါရာ ဂီတနယ်ပယ်မှာ လှုပ်ရှားမှုတွေ ရှိထားတဲ့ လူငယ်တွေဖြစ်ပါတယ်။

Acoustic ဂီတဟာ တည်တည်ငြိမ်ငြိမ်နဲ့ တီးခတ်၊သီဆို၊ နားထောင်ရတဲ့ ဂီတအမျိုးအစားဖြစ်ပါတယ်။ Acoustic Music ဆိုတဲ့အတိုင်း နည်းပညာသုံး တူရီယာပစ္စည်းတွေနဲ့ လျှပ်စစ်ကို တတ်နိုင်သမျှ အသုံးမပြုဘဲ တီးခတ်သီဆိုရတာဖြစ်ပါတယ်။ Acoustic ဂီတအများစုကတော့ တစ်ယောက်က ဂီတာတီးပြီး တစ်ယောက်က အသံပါဝါအား ကောင်းကောင်းနဲ့ သီဆိုကြတာမျိုး ဖြစ်ပါတယ်။ ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုတာမျိုးတွေလည်းရှိသလို သုံးယောက်တွဲ တီးခတ်သီဆိုတာတွေလည်း ရှိပါတယ်။ အခုနောက်ပိုင်းမှာ Acoustic သီဆိုဟန်ဟာ ရေပန်းစားလာလွန်းတဲ့အတွက် Jestin Bieber နဲ့ Talor Swift တို့လို့ ဂီတအနုပညာရှင်တွေလည်း ရှိုးပွဲတွေမှာ မကြာခဏ ထည့်သွင်းသီဆိုလာကြတာ တွေ့ရပါတယ်။

play

 

" အဓိက ပြိုင်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်ကတော့ အတွေ့အကြုံရချင်တာလည်းပါတယ်။ တကယ်တော်တဲ့သူတွေနဲ့ အတူပြိုင်ရင်း အတွေ့အကြုံ ယူချင်တာပါ။ အခု Duwun Urban Talent (Acoustic Cover) ပြိုင်ပွဲမှာ ဘယ်လောက်အောင်မြင်ရမယ်ဆိုတာထက် ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားပြဖို့ပဲ စဉ်းစားထားပါတယ်" လို့ ပြိုင်ပွဲဝင်မယ့် The Vibe အဖွဲ့ရဲ့ အဖွဲ့ဝင် Kevin Yang ကပြောထားပါတယ်။

 Acoustic ဂီတ ပိုင်းဆိုင်ရာမှာကျွမ်းကျင် ဂီတပညာရှင်တွေဖြစ်တဲ့ ဆရာမခင်မြတ်မွန်၊ ဂီတမိတ်မှ ဆရာကိုထူးထူး တို့က အကဲဖြတ်အမှတ်ပေးပြီး ဆုရွေးချယ်ပေးကြမှာဖြစ်ပါတယ်။ ဆုရွေးချယ်ရေးစနစ်မှာ အကဲဖြတ်ဒိုင်တွေရဲ့ ရွေးချယ်မှုနဲ့မဟုတ်ဘဲ ပရိသတ် ရွေးချယ်မှုနဲ့ ချီးမြှင့်မယ့် People Choice ဆုလည်း ထားရှိထားတယ်လို့ သိရပါတယ်။ ပြိုင်ပွဲ လာရောက်အားပေးသူ ပရိသတ်တွေအတွက် နာမည်ကျော် The Four ဆိုတဲ့ Acoustic Music Band ကလည်း ဖျော်ဖြေပေးဦးမှာ ဖြစ်ပါတယ်။ ပွဲကို ကိုယ်တိုင်မလာရောက်နိုင်ရင်တော့ Duwun နဲ့ Duwun event Facebook Page တွေကနေ တိုက်ရိုက်ထုတ်လွှင့်ပေးမှာဖြစ်လို့ စောင့်ကြည့်နိုင်ပါသေးတယ်။

Duwun ရဲ့ Urban Talent ( Dance ) ပြိုင်ပွဲကြီးကို Ballantines မှ Main Sponsor အဖြစ်အဓိကကူညီပံ့ပိုးပေးထားပါတယ်။ Ballantines ဟာ ဆိုရင် နိုင်ငံတကာမှာလည်း Talent ပွဲ ပေါင်းများစွာကို ကူညီပံ့ပေးပိုးလျက်လည်းရှိပါတယ်။

Photos : blog.seminolehardrocktampa.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ