News: ထိရောက်တဲ့ Facebook ကြော်ငြာတစ်ခု ဖန်တီးနိုင်ဖို့ မဖြစ်မနေသိထားရမယ့်အချက်များ

လက်ရှိအချိန်မှာ ကိုယ့်လက်ထဲ master ၊ Visa ကဒ်တစ်ကဒ်လောက်ရှိရင် လူတိုင်း Facebook ရဲ့ကြော်ငြာနည်းလမ်းတွေကိုသုံးပြီးကြော်ငြာနိုင်နေပြီဆိုပေမယ့် Professional တစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ထိရောက်တဲ့ Facebook ကြော်ငြာတစ်ခု ဖန်တီးနိုင်ဖို့ဆိုရင်တော့ မဖြစ်မနေသိထား ရမယ့်အချက်တွေရှိနေပါသေးတယ်။

play

 

လက်ရှိအချိန်မှာ ကိုယ့်လက်ထဲ master ၊ Visa ကဒ်တစ်ကဒ်လောက်ရှိရင် လူတိုင်း Facebook ရဲ့ကြော်ငြာနည်းလမ်းတွေကိုသုံးပြီးကြော်ငြာနိုင်နေပြီဆိုပေမယ့် Professional တစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ထိရောက်တဲ့ Facebook ကြော်ငြာတစ်ခု ဖန်တီးနိုင်ဖို့ဆိုရင်တော့ မဖြစ်မနေသိထား ရမယ့်အချက်တွေရှိနေပါသေးတယ်။ သင်ပြောချင်တဲ့အကြောင်းရာကဘာလဲ၊ ဘာ message ပေးချင်တာလဲ၊ဘယ်သူကိုလဲ၊ဘယ်ကလဲ စတဲ့အချက်တွေကို ကြော်ငြာမဖန်တီးခင်ကတည်းက စဉ်းစားထားရ မှာပါ။ Facebook ရဲ့ “Effective Frequency: Reaching Full Campaign Potential, July 2016” အရဆိုရင် Facebook ကြော်ငြာတစ်ခုဟာ

၁ - Relevancy - ဆီလျှော်မှု

၂ - Creative – တီထွင်ဖန်တီးမှု

၃ - Delivery method - ကြော်ငြာပြသမှုပုံစံ တို့အပေါ်မူတည်ပြီး ကြော်ငြာရဲ့အရည်အသွေးနဲ့ ထိရောက်မှုရှိမှုတွေက ကွာခြားသွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်တွေနဲ့ပတ်သက်လို့ ထပ်ပြီးရှင်းပြချင်ပါတယ်။

၁) Relevancy - ဆီလျှော်မှု Relevancy - ဆီလျှော်မှုဆိုတာ သင်ကြော်ငြာလိုက်တဲ့ ကြော်ငြာနဲ့ ကြော်ငြာမြင်တွေ့သူနဲ့ ဘယ်လောက်ဆက်စပ်မှုရှိသလဲဆိုတာပါပဲ။ သင့်ရဲ့ကြောငြာမှာ သုံးလိုက်တဲ့ဒီဇိုင်း၊ စာရေးသားတဲ့ပုံစံနဲ့ ရွေးချယ်လိုက်တဲ့ စိတ်ဝင်စားမှုက သင်ပစ်မှတ်ထားတဲ့ target audience နဲ့ ဆီလျော်မှုရှိဖို့လိုပါတယ်။ ကြော်ငြာမဖန်တီးခင် ဘယ်သူတွေကိုပစ်မှတ်ထားမှာလဲ ၊ဘယ်ကလဲ ၊ဘယ်အသက်အရွယ်လဲ၊ အမျိုးသား/အမျိုးသမီးလား၊ဘာတွေကိုစိတ်ဝင်စားလဲ objective ကဘာလဲဆိုတာကို အရင်ဆုံးပုံဖော်ကြည့်ရပါမယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လူအားလုံးကိုကြော်ငြာတာထက် ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ဆက်နွယ်နိုင်တဲ့သူတွေ၊ စိတ်ဝင်စားနိုင်တဲ့သူတွေကို ရွေးချယ်ပြီး Target ထားသင့်ပါတယ်။ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေအနေနဲ့ ကိုယ့်လုပ်ငန်းတည်ရှိရာပတ်ဝန်းကျင်ကဒေသခံတွေကို ကြော်ငြာတာက ပိုပြီးထိရောက်မှုရှိပါတယ်။ ဥပမာ- စမ်းချောင်းမှာ ဖွင့်ထားတဲ့စားသောက်ဆိုင်အနေနဲ့ဆို ရန်ကုန်တစ်မြို့လုံးကို ပစ်မှတ်ထားမယ့်အစား အနီးအနားပတ်ဝန်းကျင် 3 မိုင်ကလူတွေကိုပဲ ပစ်မှတ်ထားပြီးကြော်ငြာတာက ဒေသခံလူတွေနဲ့သက်ဆိုင်ရာလူတွေက သင့်ကြော်ငြာကိုမြင်နိုင်စွမ်းပိုမြင့်ပြီး ဆိုင်ကိုရောက်လာဖို့ အခွင့်အလမ်းလည်းပိုများပါတယ်။ ကြော်ငြာက ဆီလျော်မှုရှိတယ်ဆိုရင် အသုံးပြုသူတွေဆီက ကြော်ငြာဖွင့်ဖတ်တဲ့သူအရေအတွက် တိုးလာပြီး Engagement နဲ့ Click Through Rate(CTR)လည်းမြင့်လာမှာပါ။ ကြော်ငြာကို အသုံးပြုသူ တစ်ယောက်ချင်း ဆီက ကလစ်နှိပ်တဲ့အရေအတွက် မြင့်လာတဲ့အတွက် ပေးရတဲ့ကြော်ငြာခနှုန်းထား သက်သာသွားမှာဖြစ်သလို Relevancy Score လည်းတက်သွားမှာပါ။ (Ads Manager မှာ ပုံမှန်မြို့အလိုက်ကြော်ငြာတဲ့အခါမှာ သိပ်ထိရောက်မှုမရှိပေမယ့် Real Results လိုမျိုး Advertising Platform မှာကောင်းကောင်းအလုပ်လုပ်တာကို တွေ့ရပါတယ်)

(၂) Creative – တီထွင်ဖန်တီးမှု စာရေးတဲ့အခါမှာ ပုံစံတစ်မျိုးထဲရေးတာမဟုတ်ဘဲနဲ့ နှစ်မျိုး၊သုံးမျိုး creative ဖြစ်ရင်ဖြစ်သလောက် A/B Testing လုပ်သင့်ပါတယ်။ဒါမှသာ သင့်အနေနဲ့ဘယ်လိုပုံစံဆို ထိရောက်မှုရှိတယ်၊ မရှိဘူးဆိုတာကိုသိပြီးတော့ ပိုပိုပြီးကောင်းမွန်တဲ့ကြော်ငြာတွေကိုဖန်တီးနိုင်မှာပါ။ စကားပြေရေးသလိုအရေးအသားထက် စကားပြောဟန်ရေးတာက လူတွေရဲ့အာရုံကိုပိုဖမ်းစားနိုင်ပါတယ်။ ပုံထည့်တဲ့အခါမှာလည်း quality ကောင်းတဲ့ပုံကိုရွေးချယ်သင့်ပြီး ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ပုံတွေမှာ ပစ္စည်းက ပျောက်နေတာမျိုး၊ highlight ဘာကိုလုပ်ထားမှန်းမသိတာမျိုး၊ objective ရှင်းလင်းမှုမရှိတဲ့ပုံတွေမဖြစ်အောင် သတိထားရပါမယ်။ စာရေးတဲ့အခါမှာရော၊ပုံဖန်တီးတဲ့အခါမှာပါ CTA (call to action) ပါအောင်ထည့်သင့်ပါတယ်။ စာရေးတဲ့အခါမှာလည်း သင့်ရဲ့ ပို့စ်ကို လူတွေဘာလုပ်စေချင်လဲ ၊ share စေချင်တာဆိုရင် share ပါဆိုတဲ့ CTA ၊ comment လိုချင်တာဆိုရင် comment လေးတော့ပေးသွားပါအုံး အစရှိသဖြင့် ပါအောင် ထည့်သင့်ပါတယ်။ အလားတူပုံမှာလည်း ပြတ်သားပြီးထင်းနေတဲ့ CTA ပါရပါမယ်။Mobile App install လုပ်စေချင်တယ်ဆိုရင် Install Now,Download တစ်ခုခုကိုဝယ်စေချင်တယ်ဆိုရင် Call Now လိုမျိုး CTA တစ်ခုပါသင့်ပါတယ်။

(၃) Delivery method - ကြော်ငြာပြသမှုပုံစံ နောက်ဆုံးအချက်အနေနဲ့ ကြော်ငြာကိုဘယ်အချိန်၊ ဘယ်နှစ်ကြိမ်၊ ဘယ်လောက်တစ်ခါပြမလဲ ဆိုတာကလည်းအရေးပါ ပါတယ်။ Facebook ရဲ့ထုတ်ပြန်ထားတဲ့ သုတေသနတစ်ခုအရ တစ်ပတ်ကိုနှစ်ကြိမ်အထိ ကြော်ငြာပြပေးခြင်းအားဖြင့် Brand သိရှိမှုနှုန်းကို မြှင့်တင်ပေးနိုင်တဲ့အပြင် စိတ်ဝင်စားမှုကိုနိုးဆွပေးနိုင်တဲ့အတွက် ၀ယ်ယူချင်စိတ်ဖြစ်ပေါ် နိုင်တယ်လို့ တွေ့ရှိရပါတယ်။

Real Results, Official Facebook Marketing Platform မှာဆိုရင် တစ်ပတ်ကိုနှစ်ကြိမ်နဲ့ Campaign တစ်ခုကို စုစုပေါင်း 6 ကြီမ်ပြပေးတဲ့အတွက် Brand awareness ကိုဆွဲတင်ပေးနိုင်တဲ့အပြင် အသုံးပြုသူတွေဆီက တုံ့ပြန်မှုအမြင့်ဆုံးရောက်အောင် လှုံဆော်ပေးနိုင်ပါတယ်။ Real Results Facebook Advertising Platform နဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက realresults.mmrdpub.com ကို ဆက်သွယ်နိုင်သလို 09448001662, 01-9000712~713 တို့ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ