AD
AD
AD
play

 

မြန်မာနိုင်ငံရဲ့ ပထမဆုံး Health and Fitness App (ကျန်းမာရေးနှင့် ကာယကြံ့ခိုင်ရေးဆိုင်ရာ အက်ပလီကေးရှင်း) ဖြစ်တဲ့ Flexible Pass ရဲ့ ၁ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ Chatrium ဟိုတယ် Poolside မှာ မတ်လ၊ ၂၉ ရက် ညနေပိုင်းက ကျင်းပခဲ့ရာ အထူးဧည့်သည်တော်များ၊ Flexible Pass မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မီဒီယာမိတ်ဆွေများ၊ နယ်ပယ်အသီးသီးမှ အနုပညာရှင်များနှင့်  ဖိတ်ကြားထားတဲ့ Flexible Pass ရဲ့ Customer များ တက်ရောက်ခဲ့ကြပါတယ်။ 

Flexible Pass ရဲ့ ၁ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို Chatrium Hotel မှ Venue Sponsor အဖြစ်ပံ့ပိုးကူညီပေးခဲ့တာပါ။

အခမ်းအနားမှာ FLEXIBLE PASS စတင်ဖြစ်ပေါ်လာပုံနှင့် တစ်နှစ်တာအတွင်း တိုးတက်လာမှု တွေကို တာဝန်ရှိသူတွေက ပရိသတ်တွေကို ရှင်းလင်း တင် ပြခဲ့ပါတယ်။ ယခုအခါ FLEXIBLE PASS Mobile Application ကို အသုံး ပြုပြီး ရန်ကုန်မြို့ရှိ gyms/fitness center,hotels ၅၀ ကျော်မှာ Gym အ သုံး ပြု ခြင်း၊ zumba အက၊ Yoga စတဲ့ fitness class ပေါင်း ၁၀၀ ကျော်တက်ရောက် ခြင်း၊ ၊ရေ ကူး ခြင်း၊ လက် ဝှေ့ ထိုး ခြင်း Indoor Skydiving နှင့် Rock Climbing တို့ ကို လုပ်ဆောင်နိုင်နေပြီဖြစ်ပါတယ်။

play

 

တစ်နှစ်တာအတွင်း App သုံးစွဲသူ ၂၀၀ ကျော်ရှိခဲ့ပြီး FLEXIBLE PASS နဲ့ စာရင်းပေးသွင်းကာ ကစားတဲ့ အရေအတွက် ၁၀၀၀ ကျော်ရှိခဲ့တယ်လို့သိရပါတယ်။ ယခုအချိန်ထိ သုံးစွဲသူ အရေအတွက် booking တွေလည်း တစ်စတစ်စ တိုးတ က်လျက်ရှိပါတယ်။ FLEXIBLE PASS Mobile App ကို ကိုယ်ပိုင် account ပြုလုပ်ကာ Package သုံးမျိုးထဲမှ ကြိုက်နှစ်သက်ရာ တစ်မျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ကိုယ်နှင့်နီးစပ်တဲ့ အမြဲသွားနေကျ GYM/Fitness Centre တစ်ခုခုကို အချိန်အခါ နေရာမရွေး booking တင်နိုင်ပြီး လွယ်ကူအဆင်ပြေစွာသုံးစွဲနိုင်မှာပါ။

ဒါ့အပြင် သုံးစွဲသူတွေ ပိုမို အဆင်ပြေ လွယ်ကူစေဖို့အတွက် FLEXIBLE PASS ရဲ့ iPhone App ကိုလည်း မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ယင်း iPhone App ကို Apple store မှတစ်ဆင့် အလွယ် တကူ download ရယူနိုင်ပါတယ်။ သုံးစွဲသူတွေ ပိုမိုအဆင်ပြေစေဖို့အတွက် FLEXIBLE PASS app ရဲ့ updated version မှာ လုပ်ဆောင်ချက်အသစ်တွေ ထပ်မံထည့်သွင်းထားတာကိုလည်း တွေ့ရပါတယ်။ Flexible Pass ရဲ့ Updated Version မှာအ သုံး ပြု လို့ ရ မယ့်နေ ရာ အ ရေ တွက် နဲ့ အ သုံး ပြု လို့ ရမယ့် လုပ်ဆောင်ချက်တွေ တိုးလာပါတယ်။ ထပ်မံထည့်သွင်းပေးထားတဲ့အရာတွေဖြစ်တဲ့ Myanmar Woman Self Defense Center, Futsal(ဖူ ဆယ်),

 Ice Skating, Laser Tag Arena နှင့် Horse Riding, Paintball တို့ကို ယခုနှစ်ဧပြီလ နောက်ဆုံးထားပြီး အသုံး ပြုနိုင်တော့မှာပါ။

play

 

FLEXIBLE PASS ရဲ့ Founder နှင့် CEO Mr. Sully Bholat (Htet Aung Latt) က ‘မြန်မာနိုင်ငံသူ/သားတွေ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘ၀ပုံစံကိုအဆင်ပြေလွယ်ကူစွာ ရယူနိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ FLEXIBLE PASS Fitness App ဟာ အခုဆိုရင်တစ်နှစ်ပြည့်ခဲ့ပါပြီ။ တစ်နှစ်တာအတွင်း ယုံကြည်စွာ အသုံးပြုခဲ့တဲ့ သုံးစွဲသူတွေ၊ ပံ့ပိုးပေးခဲ့တဲ့ မိတ်ဖက်အဖွဲ့အစည်း တွေကိုလည်းအထူးကျေးဇူး တင်ကြောင်းပြောချင်ပါတယ်။ ‘Your Fitness, Your Choice’ ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်အတိုင်း သုံးစွဲသူတွေ အခက်အခဲမရှိ သုံးနိုင်ဖို့အတွက် ရန်ကုန်မှာရှိတဲ့ gym/fitness center တွေအားလုံးနီးပါး ဒီ app ထဲမှာရှိနေမှာဖြစ်ပြီး ငွေကြေးအားဖြင့် ပုံမှန်တစ်ရက်စာဈေးနှုန်းတွေရဲ့ 20% ကနေ 40% အထိ သက်သာ စေမှာပါ။ FLEXIBLE PASS ကို ဒီ့ထက်မကပိုမိုကောင်းမွန်ပြီး သုံးစွဲသူ တွေ အကျိုးကျေးဇူးရရှိနိုင်စေဖို့ ဆက်လက်ဖန်တီးသွားမှာပါ’ လို့ တစ်နှစ်ပြည့်အခမ်း အနားမှာပြောကြားခဲ့ပါတယ်။

FLEXIBLE PASS ဟာ Myanmar Rice Bowl Startup Awards မှ ချီးမြှင့်တဲ့ Startup of the Year 2017 နှင့် Best Healthy Lifestyle Tech Startup 2017 ဆုတို့ကိုရရှိခဲ့ပါတယ်။ ဒါ့ကြောင့် အာဆီယံ ၁၀ နိုင်ငံမှဝင် ပြိုင်တဲ့ ASEAN Rice Bowl Awards   ပြိုင်ပွဲကိုလည်း မြန်မာ နိုင်ငံကို ကိုယ်စားပြုကာ ကွာလလမ်ပူမြို့တွင် ဒီဇင်ဘာလ က ဝင် ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

FLEXIBLE PASS ကို ၂၀၁၇ ခုနှစ် မတ်လက Sully Bholat (Htet Aung Latt) က စတင်တည်ထောင်ခဲ့ပြီး  မြန်မာနိုင်ငံသူ/သားများ ကျန်းမာပျော်ရွှင်သောလူနေမှုဘ၀ပုံစံကို အဆင်ပြေသက်သာစွာ ရရှိစေဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။

Flexible Pass ကို ဒေါင်းလုပ်လုပ်ရန် -

Google Play Store -

https://play.google.com/store/apps/details?id=com.flexiblepass.androidapp&hl=en

Apple App Store - https://itunes.apple.com/us/app/flexible-pass/id1340737634?ls=1&mt=8

အသေးစိတ် အချက်အလက်တွေကို  www.flexiblepass.com မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD