News: Fuji Xerox က အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်ကိုယ်ပိုင်စက္ကူ အမှတ်တံဆိပ်ကို မိတ်ဆက်

, updated

Fuji Xerox ကနေပြီးမြန်မာနိုင်ငံမှာ ပထမဆုံးမိတ်ဆက်ပေးလိုက်တဲ့ ၎င်းရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် စက္ကူ Business+ ဟာ အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်းကျင်ကိုတစ်ဖက်တစ်လမ်းကနေထိန်းသိမ်း ပေးနိုင်တဲ့ စက္ကူအမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။

 

play

 

ကမ္ဘာကျော် ပရင်တာ၊မိတ္တူကူးစက်နဲ့ ဆက်စပ်ပစ္စည်းများထုတ်လုပ်ရေးကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Fuji Xerox နဲ့ ၎င်းရဲ့တရားဝင်ဖြန့်ချိရေး ကိုယ်စားလှယ် Concordia ကုမ္ပဏီတို့ဟာ Fuji Xerox ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်စက္ကူကို နိုဝင်ဘာလ၊ ၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ Novotel ဟိုတယ်လ်မှာ စာနယ်ဇင်းမီဒီယာတွေကို ဖိတ်ကြားပြီး တရားဝင် မိတ်ဆက်လိုက်ပါတယ်။

Fuji Xerox ကနေပြီးမြန်မာနိုင်ငံမှာ ပထမဆုံးမိတ်ဆက်ပေးလိုက်တဲ့ ၎င်းရဲ့ကိုယ်ပိုင်အမှတ် တံဆိပ် စက္ကူ Business+ ဟာ အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းကနေထိန်းသိမ်းပေးနိုင်တဲ့ စက္ကူအမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။

Fuji Xerox ရဲ့ Buisness+ စက္ကူဟာ Fuji Xerox ပုံနှိပ်ကိရိယာတွေအားလုံးနဲ့ စမ်းသပ်ချက်အရ အရည်အသွေးကို ၁၀၀ ရာခိုင်နှုန်းအာမခံနိုင်ပြီး အထူးသဖြင့် အရည်အသွေး၊အမြန်နှုန်းနဲ့ အသုံးပြုမှုပမာဏတို့မှာ မြင့်မားတဲ့စွမ်းဆောင်ရည်တွေကို ရရှိနိုင်မယ့် စက္ကူအမျိုးအစားပဲ ဖြစ်ပါတယ်။

play

 

Fuji Xerox ဟာ ပရင်တာနဲ့ မိတ္တူစက်တို့ကို နှစ်ပေါင်းများစွာထုတ်လုပ်လာခဲ့တဲ့ လုပ်ငန်းဖြစ်တာနဲ့ အညီ သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်စက္ကူကို ပရင့်ထုတ်တဲ့အချိန်မှာ စက္ကူညပ်တာမျိုးမဖြစ်အောင် သေချာသုတေသနပြု ထုတ်လုပ်ထားကြောင်း Fuji Xerox ရဲ့ အာရှပစိဖိတ်မြန်မာနိုင်ငံရုံးခွဲ အထွေထွေမန်နေဂျာ မစ္စတာ Hideaki Kato က စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် Fuji Xerox ရဲ့ ကိုယ်ပိုင်တံဆိပ် စက္ကူဟာ သစ်တောကြီးကြပ်ရေးကောင်စီ(FSW) ရဲ့ အသိအမှတ်ပြု လက်မှတ်ရရှိထားတာကြောင့် တရားဝင်ထုတ်လုပ်ခွင့်ရှိတဲ့ သစ်ပင်တွေကနေသာ ထုတ်လုပ်ထားကြောင်း စိတ်ချရတဲ့ စက္ကူလည်းဖြစ်ပါတယ်။

play

 

Business+ စက္ကူထုတ်ကုန်တွေပေါ်မှာ တွေ့မြင်နိုင်တဲ့ FWS လိုဂိုဟာ သစ်တောပြုန်းတီးမှု ကာကွယ်ရေး၊ တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး၊ သစ်ပင်နဲ့သစ်တောတွေတရားမဝင်ခုတ်မှုကြောင့် ဒေသခံပြည်သူတွေ ကို ထိခိုက်နစ်နာမှုမျိုးတွေ မဖြစ်စေရေးတို့အတွက် အထောက်အကူပြုကြောင်း အာမခံချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် FWS လိုဂိုပါဝင်တဲ့ Fuji Xerox ရဲ့စက္ကူထုတ်ကုန်ကို အသုံးပြုခြင်းဖြင့် အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ကာကွယ်ရာရောက်တဲ့ စက္ကူအမျိုးအစားကို အသုံးပြုနေရကြောင်း သိရှိနေနိုင်တဲ့ စိတ်ကျေနပ်မှုကိုရရှိမှာဖြစ်ကြောင်းလည်း Fuji Xerox ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Fuji Xerox စက္ကူတွေကို လတ်တလောမှာ A3 ဆိုဒ် 80g နဲ့ A4 ဆိုဒ် 80g ဆိုပြီး ၂ မျိုး ရရှိနိုင်မှာဖြစ်ကာ Concodia ကုမ္ပဏီကနေ မြန်မာနိုင်ငံတဝန်းလုံးကို တာဝန်ယူဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ