News: သတ္တုကိုယ်ထည်နဲ့ ကျောဘက်ကင်မရာနှစ်ခုပါဝင်သည့် GR5 2017 စမတ်ဖုန်းအသစ်ကို Huawei မိတ်ဆက်

GR5 2017 ဈေးနှုန်းက အလယ်အလတ်သာဖြစ်ပေမဲ့ အဆင့်မြင့်တန်ဖိုးကြီး စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ ကျောဘက်ကင်မရာနှစ်ခုလို စွမ်းဆောင်ရည်အပါအဝင် ထိပ်တန်းစွမ်းဆောင်ရည်တွေပါဝင်နေတဲ့ စမတ်ဖုန်းပဲ ဖြစ်ပါတယ်။

 

play

 

မြန်မာနိုင်ငံမှာရော၊ ကမ္ဘာ့နိုင်ငံကြီးတွေမှာပါ ဈေးကွက်အခိုင်အမာရရှိထားတဲ့ Huawei ကနေပြီး သတ္တုကိုယ်ထည်နဲ့ ကျောဘက်ကင်မရာနှစ်ခုပါဝင်ပြီး ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းအသစ် GR5 2017 ကိုမြန်မာပြည်ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

GR5 2017 ဈေးနှုန်းက အလယ်အလတ်သာဖြစ်ပေမဲ့ အဆင့်မြင့်တန်ဖိုးကြီး စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ ကျောဘက်ကင်မရာနှစ်ခုလို စွမ်းဆောင်ရည်အပါအဝင် ထိပ်တန်းစွမ်းဆောင်ရည်တွေပါဝင်နေတဲ့ စမတ်ဖုန်းပဲ ဖြစ်ပါတယ်။

Huawei ရဲ့ GR5 2017 ဟာကျောဘက်မှာ 12MP နဲ့ 2MP ကင်မရာနှစ်ခုပါဝင်ပါတယ်။ ဒီကင်မရာဟာ ၀.၃ စက္ကန့်အတွင်း Auto Focus ပြုလုပ်နိုင်ကာ ရိုက်ကူးလိုတဲ့အရာကို ထင်းနေစေပြီး နောက်ခံမြင်ကွင်းကိုမှုန်ဝါးနေစေတဲ့ Bokeh effects လိုလုပ်ဆောင်ချက်နဲ့ အခြား Professional ကင်မရာတွေမှာသာပါဝင်တဲ့ လုပ်ဆောင်ချက်မျိုးတွေလည်း ပါဝင်ပါတယ်။ ဒီလိုကင်မရာစွမ်းဆောင်ရည်မျိုးဟာ အရင်တုန်းက ဈေးနှုန်းမြင့်မားတဲ့စမတ်ဖုန်းတွေမှာသာပါဝင်ပြီး GR5 2017 ဟာ ဈေးနှုန်းအလယ်အလတ်တန်းဖုန်းတွေထဲမှာ ဒီလိုစွမ်းဆောင်ရည်တွေပါဝင်တဲ့ ပထမဆုံးဖုန်း ဖြစ်လာခဲ့ပါတယ်။ GR5 2017 ရဲ့ကျောဘက်ကင်မရာနှစ်ခုဟာ အလင်းရောင်နည်းတဲ့အခြေအနေမှာ ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေ ဖမ်းယူနိုင်စွမ်း၊ လျှပ်တစ်ပြက်ရိုက်လိုက်ချိန်မှာတောင် ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကို ဖမ်းယူနိုင်စွမ်း၊ Manual စနစ်နဲ့ အလိုအလျောက်စနစ်နဲ့ ထိန်းချုပ်နိုင်စွမ်းစတဲ့ DSLR ကင်မရာတစ်လုံးလို စွမ်းဆောင်ရည်တွေပါဝင်နေတာကိုလည်း တွေ့ရမှာပါ။

GR5 2017 ရဲ့ အရှေ့ဘက်ကင်မရာဟာလည်း 8MP ရှိတဲ့အပြင် အကောင်းဆုံး Selfie ပုံတစ်ပုံဖန်တီးနိုင်မယ့် 10 level Beauty စနစ်၊ Auto Make-Up စနစ်တို့လို လုပ်ဆောင်ချက်တွေ၊ သူငယ်ချင်းတွေအများကြီးနဲ့ Selfie ပုံအဆင်ပြေပြေရိုက် ကူးနိုင်မယ့် ထူးခြားလှတဲ့ Panoramic Selfie လုပ်ဆောင်ချက်၊ ရှေ့ကင်မရာနဲ့ပဲ ဗီဒီယိုရိုက်ကူးဖို့ လိုအပ်တဲ့အခါမှာ Selfie ဗီဒီယိုတွေကို 1080p အရည်အသွေးရှိဗွီဒီယိုတွေရိုက်ကူးနိုင်တဲ့စွမ်းဆောင်ရည်တွေ ပါဝင်ပါတယ်။ GR5 2017 ရဲ့မျက်နှာပြင်က ၅ လက်မခွဲအရွယ်ရှိ ကြီးမားတဲ့မျက်နှာပြင်ဖြစ်ပြီး High Defination ရုပ်ထွက်အရည်အသွေး ပေးစွမ်းမှာဖြစ်ပါတယ်။ အသုံးပြုသူရဲ့ မျက်လုံးသက်သာအောင်သိပ္ပံပညာရှင်တွေနဲ့ စနစ်တကျသုတေသနပြုထားတဲ့ နည်းပညာအသစ်တစ်မျိုးလည်း ပါဝင်တာကြောင့် မျက်လုံးညောင်းညာမှုမရှိဘဲ ဖုန်းကိုအချိန်ကြာမြင့်စွာအသုံးပြုနိုင်မှာပါ။

play

 

ဘက်ထရီအပိုင်းမှာလည်း စွမ်းဆောင်ရည်ပြည့်ဝတဲ့ 3340 mAh ဘက်ထရီနဲ့ Huawei ရဲ့ ကိုယ်ပိုင်စွမ်းအင်ချွေတာတဲ့ စနစ်တို့ကြောင့် ပုံမှန်သုံးမယ်ဆိုရင် တစ်ရက်ခွဲလောက်ကြာတဲ့အထိ အားထပ်သွင်းစရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ GR5 2017 မှာ HiSilicon Kirin 655 Octa-Core processor နဲ့ အသစ်ထပ်သွင်းထားတဲ့ i5 coprocessor တို့ပါဝင်ကာ နောက်ဆုံးပေါ် Android M Dose app standby နည်းပညာတို့ထည့်သွင်းထားတာကြောင့် ဗီဒီယို ကြည့်ခြင်း၊ ဂိမ်းဆော့ခြင်းတို့ကို စွမ်းအင်အများကြီးသုံးစွဲစရာမလိုဘဲ အဆင်ပြေစွာလုပ်ဆောင်နိုင်စွမ်း ရှိစေပါတယ်။ ယနေ့ခေတ်စမတ်ဖုန်းတွေမှာ မပါမဖြစ်လက်ဗွေစနစ်အတွက်လည်း GR5 2017 မှာ ၀.၃ စက္ကန့်အတွင်းလျင်မြန်စွာဖွင့်ပေး နိုင်ပြီး ၃၆၀ ဒီဂရီအာရုံခံနိုင်စွမ်း၊ လက်က စိုစွတ်နေသည်ဖြစ်စေ၊ခြောက်သွေ့နေသည်ဖြစ်စေ မှတ်မိသိရှိနိုင်စွမ်းတို့နဲ့ အဆင့်မြင့်မားတဲ့ လက်ဗွေစနစ်ပါဝင်ပါတယ်။

လက်ဗွေစနစ်နဲ့ဖုန်းကို Unlock လုပ်တာအပြင် ကင်မရာရိုက်ကူးတာလို အခြားလုပ်ဆောင်ချက်တွေကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။ ဒီဇိုင်းပိုင်းကလည်း သတ္တုဘောင်နဲ့ သားနားတဲ့အသွင်အပြင်ရှိတာကြောင့် GR5 2017 ဟာ စွမ်းဆောင်ရည်အရရော၊ အသွင်အပြင်အရပါ ဈေးနှုန်းအလယ်အလတ်တန်းဖုန်းတစ်လုံးလို့ထင်စရာမရှိတဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

Huawei GR5 2017 ကို ၂၈၉၀၀၀ ကျပ်နဲ့ရောင်းချသွားမှာဖြစ်ပြီး ရွှေရောင်၊ငွေရောင်နဲ့ မီးခိုးဆိုပြီး အရောင် ၃ ရောင်ရရှိနိုင်မှာပါ။ ဒီစမတ်ဖုန်းကို ဒီဇင်ဘာလ၊ ၃ ရက်နေ့ကနေ ၉ ရက်နေ့အတွင်း Huawei Branded Shop တွေနဲ့ Huawei အရောင်းဝန်ထမ်းတွေရှိတဲ့ ဖုန်းဆိုင်တွေမှာ ငွေကျပ် ၃၀၀၀၀ ပေးသွင်းပြီးကြိုတင်မှာယူနိုင်တယ်လို့သိရပါတယ်။ အဲဒီလိုကြိုတင်မှာယူတဲ့သူတွေအနေနဲ့ အရည်အသွေးမြင့် ကျောပိုးအိတ်၊ 13000 mAh powerbank နဲ့အတူ 32GB SD Card တို့ကို အထူးမေတ္တာလက်ဆောင်အနေနဲ့ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ စတင်ဝယ်ယူသူတွေအနေနဲ့လည်း အရည်အသွေးမြင့် ကျောပိုးအိတ်နဲ့ 32GB SD Card တို့ကို လက်ဆောင်ရရှိနိုင်မှာ ဖြစ်ပါတယ်။ GR5 2017 ကို MPT Edition အနေနဲ့လည်းမကြာမီ ထုတ်လုပ်ဖြန့်ချီသွားဖို့ရှိပြီး MPTအသုံးပြုသူတွေအတွက် ထူးခြားတဲ့အကျိုး ခံစားခွင့်တွေထည့်သွင်းပေးသွားမယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ