AD
AD
AD

play

 

မြန်မာပလာဇာရှိ Fuse Bar & Club မှာ Double Gold ကနေပြီး လူငယ်တွေအကြိုက် ပါတီပွဲတစ်ပွဲကို ဇူလိုင်လ၊ ၂၉ ရက်နေ့ညက ကျင်းပသွားခဲ့ပါတယ်။

Double Gold နဲ့ Fuse တို့စီစဉ်ကျင်းပတဲ့ ဒီပွဲမှာ ကမ္ဘာကျော်အီတလီ DJ အတွဲ Merk & Kremont က မြူးကြွတဲ့ သံစဉ်တွေနဲ့ ဖျော်ဖြေခဲ့တာပါ။

Merk & Kremont အပြင် BG ၊ Biggy X Hane ၊ Kitty ၊ P4 တို့ကလည်း ပါဝင်အားဖြည့်ခဲ့တာကြောင့် ပွဲကိုတက်ရောက် လာသူတွေ အကြိုက်တွေ့ခဲ့ကြတာကို တွေ့ရပါတယ်။

play

 

Double Gold Party Night ကို နာမည်ကျော်အဆိုတော် အောင်ထက်၊ Miss World Myanmar 2016 မော်ဒယ်လ် မြတ်သီရိလွင် နဲ့ နာမည်ကျော်အနုပညာရှင်တွေတက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ည ၁၀ နာရီကနေ မနက် ၃ နာရီအထိကျင်းပခဲ့တဲ့ဒီပွဲကို လူငယ်တွေအများအပြားတက်ရောက်ခဲ့ပြီး စည်ကားတဲ့ပါတီ တစ်ခု ဖြစ်ခဲ့ပါတယ်။

Party With Double Gold ပွဲကိုတက်ခဲ့သူတွေအနေနဲ့ ပွဲအတွင်းရိုက်ခဲ့တဲ့ဓါတ်ပုံတွေကို #PartyWithDoubleGold ဆိုတဲ့ HashTag နဲ့ Facebook မှာတွဲတင်ပြီး အလန်းစားအထူးလက်ဆောင်တွေရရှိနိုင်မယ့်အခွင့်အရေး ရှိတယ်လို့လည်း Double Gold Facebook Page မှာဖော်ပြထားချက်အရ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD