AD
AD
AD
play

 

မြန်မာနိုင်ငံမှာလူသုံးအများဆုံး စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Huawei ကနေပြီးစီစဉ်ပြုလုပ်တဲ့ ကိုယ့်ရဲ့သူငယ်ချင်းနဲ့အတူ ဖုန်းအသစ်ဆင်တူကိုင်ခွင့်ရမယ့် A Friend That You Can Count On အစီအစဉ်ရဲ့ Winner ဆုရှင်ပေါ်ထွက်လို့လာပါပြီ။

သိပ်ချစ်ရတဲ့သူငယ်ချင်းတွေ နှစ်သစ်မှာဖုန်းအသစ်ဆင်တူကိုင်ခွင့်ရစေဖို့ Huawei ကနေပြီး A Friend That You Can Count On အစီအစဉ်ကို ဧပြီလ ၂ ရက်နေ့ကနေ ၉ ရက်နေ့အထိ Huawei Mobile ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ပြုလုပ်ခဲ့တာပါ။

အဲဒီအစီအစဉ်မှာပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ ကိုယ့်ရဲ့သူငယ်ချင်းက ဘယ်လောက်တောင်အားကိုးရတဲ့အကြောင်း ဓါတ်ပုံ၊ ဒါမှမဟုတ် ဗွီဒီယိုရိုက်၊ ပြီးရင်ဘာကြောင့်အားကိုရတယ်ဆိုတဲ့အကြောင်းရင်းကိုစာနဲ့ရေးပြီး Huawei Mobile ရဲ့ Facebook Page မှာတင်ထားတဲ့မူရင်းပို့စ်အောက်မှာ Comment ပေးကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။

Huawei ကစီစဉ်ကျင်းပတဲ့ A Friend That You Can Count On အစီအစဉ်ကို စိတ်ဝင်စားသူတွေရော၊ Comment ပေးကာ ဝင်ရောက်ယှဉ်ပြိုင်သူတွေပါအများအပြားရှိခဲ့တာကိုတွေ့ရပါတယ်။

အဲဒီလိုဝင်ရောက်ယှဉ်ပြိုင်သူတွေထဲကမှ Winner ဆုရှင်ကို အနုပညာရှင် ကိုမင်းသွေး၊ Myanmar Media 7 တည်ထောင်သူ ကိုဝေမင်းမောင် နဲ့ Huawei Mobile(MM) မှတာဝန်ရှိသူတစ်ဦးတို့က ရွေးချယ်ကာ ဧပြီလ ၁၇ ရက်နေ့မှာ တရားဝင်ထုတ်ဖော်ကြေညာပေးသွားခဲ့ပါတယ်။

A Friend That You Can Count On အစီအစဉ်ရဲ့ Winner အဖြစ်ရွေးချယ်ခံရသူကတော့ Mi Mi Yoon ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ပဲဖြစ်ပါတယ်။ Mi Mi Yoon အကောင့်ပိုင်ရှင်က ဓါတ်ပုံအရိုက်ခံရတာ ဝါသနာပါတဲ့သူ့အတွက် ၃ နှစ်ကျော်ပေါင်းသင်းလာခဲ့တဲ့ သူ့ရဲ့သူငယ်ချင်း Myat Noe Paing က အမြဲတမ်းစိတ်ရှည်၊အနစ်ခံပြီး ဓါတ်ပုံတွေရိုက်ပေးတဲ့ အကြောင်းနဲ့ အစားတလိုင်းသူ့အတွက် ဟင်းချက်ဝါသနာပါတဲ့သူငယ်ချင်းဖြစ်သူက အမြဲတမ်းဟင်းတွေချက်ကျွေးတတ်တဲ့ အကြောင်းကိုရေးသားပြီး ဗွီဒီယိုဖိုင်နဲ့တကွ Comment ပေးကာဝင်ရောက်ယှဉ်ပြိုင်ပြီး Winner အဖြစ်ရွေးချယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

play

 

ဒါကြောင့် Mi Mi Yoon အကောင့်ပိုင်ရှင်ဟာ သူ့ရဲ့သူငယ်ချင်း Myat Noe Paing နဲ့အတူ Huawei ကနေချီးမြှင့်တဲ့ ၂၀၁၈ ခုနှစ်ထွက် ဖုန်းမော်ဒယ်အသစ် Y9(2018) ကို ဆင်တူကိုင်ခွင့်ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Huawei Y9 2018 ဟာဆိုရင် ၅.၉ လက်မအရွယ် Fullview Display ကို Full HD+ Resolution နဲ့ဖြစ်တာကြောင့် မျက်နှာပြင်နဲ့ရုပ်ထွက်အရည်အသွေးမြင့်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ကင်မရာပိုင်းမှာလည်းအနောက်ဖက်ကင်မရာက 13 MP+ 2MP ၊ အရှေ့ဖက် Selfie ကင်မရာက 16 MP + 2MP ဖြစ်တာကြောင့် အကောင်းဆုံးဓါတ်ပုံတွေကို ရိုက်ကူးပေးနိုင်စွမ်းရှိပါတယ်။ ဘက်ထရီကလည်း 4000 mAh ဖြစ်တာကြောင့် တစ်ခါအားသွင်းထားရင် စိတ်အေးလက်အေး စိတ်ကြိုက်အသုံးခံပါတယ်။ RAM က 3GB၊ ROM က 32GB ဖြစ်တာကြောင့် ရုပ်ရှင်ကြည့်၊ဂိမ်းဆော့၊ သီချင်းနားထောင် အားလုံးကိုသာသာယာယာလုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ Huawei Y9 2018 ကို ဈေးနှုန်း ၂၅၉၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပြီး အပြာရောင်၊ ရွှေရောင် နဲ့ အနက်ရောင်ဆိုပြီးအရောင် ၃ မျိုးရွေးချယ်ဝယ်ယူနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD