News: နှစ်သစ်ကူးကာလနဲ့ ပွဲတော်ရာသီမှာချစ်သူ၊ခင်သူတွေကိုလက်ဆောင်ပေးဖို့ ရွေးချယ်စရာ Huawei စမတ်ဖုန်း ၃ မျိုး

ဒီလို ပွဲတော်တွေနဲ့အားလပ်ရက်တွေပြည့်နေတဲ့အချိန်ကာလမှာ ကိုယ်ချစ်ရ၊ခင်ရသူတွေကို စမတ်ဖုန်းလက်ဆောင်ပေး မယ်ဆိုရင် အကောင်းဆုံးရွေးချယ်နိုင်မယ့် Huawei စမတ်ဖုန်း ၃ မျိုးကိုဖော်ပြပေးချင်ပါတယ်။

play

 

မကြာခင်မှာ ၂၀၁၆ ကုန်ဆုံးလို့ ၂၀၁၇ ခုနှစ်ကိုကူးပြောင်းမယ့် နှစ်သစ်ကူးချိန်ခါကို ကျရောက်တော့မှာဖြစ်ပြီး လူမျိုးအလိုက် နှစ်သစ်ကူးပွဲတော်တွေနဲ့ ချစ်သူများနေ့လို အထိမ်းအမှတ်နေ့တွေကိုလည်း ရောက်ရှိတော့မှာပါ။ ဒီလို ပွဲတော်တွေနဲ့အားလပ်ရက်တွေပြည့်နေတဲ့အချိန်ကာလမှာ ကိုယ်ချစ်ရ၊ခင်ရသူတွေကို စမတ်ဖုန်းလက်ဆောင်ပေး မယ်ဆိုရင် အကောင်းဆုံးရွေးချယ်နိုင်မယ့် Huawei စမတ်ဖုန်း ၃ မျိုးကိုဖော်ပြပေးချင်ပါတယ်။ ဒီစမတ်ဖုန်း ၃ မျိုးထဲက မှ ကိုယ်လက်ဆောင်ပေးဖို့ရည်ရွယ်ထားသူနဲ့အကိုက်ညီဆုံးဖြစ်မယ့် စမတ်ဖုန်းကို ရွေးချယ်နိုင်ပါတယ်။

ဓါတ်ပုံရိုက်ရတာ နှစ်သက်သူတွေအတွက် Huawei P9

ကိုယ့်မိတ်ဆွေ၊ ဆွေမျိုးစတဲ့ချစ်ရ၊ခင်ရသူတွေထဲက ဓါတ်ပုံရိုက်ရတာတွေ၊ ပါတီပွဲတွေကို နှစ်သက်တဲ့သူတွေ ပါဝင်နေပြီး သူတို့ကို လက်ဆောင်ပေးမယ်ဆိုရင် Huawei P9 ထက် ပိုကောင်းတဲ့ လက်ဆောင် မရှိတော့ပါဘူး။ အမြင်နဲ့တင် အံ့သြစရာကောင်းလောက်အောင် လှပတဲ့ ဒီဖုန်းမှာ အဆင့်မြင့် 2.5D မှန်နဲ့ လေယာဉ်တည်ဆောက်ရာမှာ အသုံးပြုတဲ့ အလူမီနီယံကိုယ်ထည်ကို ထည့်သွင်းထားပြီး ထောင့်ချိုးတွေကို သေသေချာချာ ဟန်ချက်ညီအောင် စီမံထားတဲ့ အကွေးတွေနဲ့ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ကင်မရာထုတ်လုပ်ရာမှာ ထင်ရှားတဲ့ Leica နဲ့ ပူးပေါင်းထုတ်လုပ်ထားတာကြောင့် Huawei P9 မှာ ဓါတ်ပုံတစ်ပုံချင်းစီကို အရည်အသွေးနဲ့ တိကျမှု ထူးခြားကောင်းမွန်စေဖို့အတွက် Leica ရဲ့ ကမ္ဘာ့နာမည်ကြီး မှန်ဘီလူးတွေ ထည့်သွင်းထားတဲ့ ကင်မရာနှစ်ခုပါဝင်ပါတယ်။ ဖုန်းကို အရောင် (၄) မျိုးထဲက ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

နည်းပညာ ရှေ့ပြေးသမားများအတွက် Huawei GR5 2017

Huawei GR5 2017 ဟာ နည်းပညာရှေ့ပြေးသမားများအတွက် သက်သာတဲ့ဈေးနှုန်းနဲ့ ရရှိနိုင်အောင် အထူးထုတ်လုပ်ထားတဲ့ ခေတ်ဆန်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ အရင် Huawei GR5 ကို ဆင့်ကဲပြောင်းလဲထားပြီး အသုံးပြုသူတွေကို 0.3 စက္ကန့်နဲ့ autofocus ပြုလုပ်နိုင်စေပြီးတော့ Bokeh ဓါတ်ပုံ effect အစစ်ကို ရရှိနိုင်ဖို့အတွက် ရိုက်လိုတဲ့အရာကို ထင်းပြီး နောက်ခံကို ဝါးအောင် ပြုလုပ်ဖို့ ကင်မရာနှစ်ခု အတူတကွ အလုပ်လုပ်တဲ့ ဈေးကွက်ပေါ်က အဆင့်မြင့် စမတ်ဖုန်းဖြစ်ပါတယ်။ ဒါမှမဟုတ် ထိတွေ့မှုတစ်ခုပြုလုပ်ရုံနဲ့ ကမ္ဘာတစ်ဝှမ်းကို ဆက်သွယ်ရရှိချင်တယ်ဆိုရင်တော့ စက္ကန့်ဝက်ထက်တိုတဲ့ အချိန်အတွင်းမှာ ဖုန်းကို လော့ခ်ဖြုတ်နိုင်စေပြီး ယခင်ဖုန်းများထက် ပိုမိုမြန်ဆန်၊ တိကျပြီး ပိုမိုလုံခြုံစိတ်ချရတဲ့ Huawei ရဲ့ အကောင်းဆုံးလက်ဗွေရာပါဝင်တဲ့ Huawei GR5 Mini ကို ရွေးချယ်လိုက်ပါ။

စတိုင်လ်ကျစေဖို့နဲ့ Selfie သမားများအတွက် - Huawei Y series

ဈေးနှုန်းအများကြီး မပေးရဘဲနဲ့ လုပ်ဆောင်နိုင်စွမ်းအများအပြားပါဝင်တဲ့ စမတ်ဖုန်းများစွာထဲမှာ Huawei Y စီးရီးကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ ပန်းရောင်၊ ရွှေရောင်နဲ့ အပြာရောင် စတဲ့အရောင် ရွေးချယ်နိုင်မှုနဲ့အတူ ဇိမ်ရှိတဲ့ 3D Burberry အထိအတွေ့ကြောင့် Huawei Y6II က ဒီဇိုင်းချစ်သူတွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ အခြားတစ်ဖက်မှာလည်း Huawei Y5II ဟာ လျှပ်တပြက်ရိုက်ချက်တွေ ရိုက်ရတာနှစ်သက်တဲ့ selfie ချစ်သူတွေအတွက် မရှိမဖြစ်ရှိသင့်တဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ အရှေ့ဘက်မှာ ဖလက်ရှ်မီးပါဝင်မှုနဲ့အတူ Huawei Y5II အသုံးပြုသူတွေဟာ ထူးခြားပြီး တောက်ပတဲ့ အကောင်းဆုံး selfie တွေကို ရရှိမှာ ဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ Y3II မှာ notifications ကို သက်တံရောင်ရဲ့ အရောင်တစ်ခုချင်းစီ စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ အနောက်ဘက်က သက်တံ့အလင်းရောင်နဲ့အတူ စပီကာရဲ့ အစွမ်း၊ 86 decibel ထိ ရောက်ရှိနိုင်တဲ့ အသံအရည်အသွေးနဲ့အတူ Y3II ဟာ ပါတီပွဲနှစ်သက်သူတွေအတွက် သင့်လျော်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ