play

 

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း လူကြိုက်များ စမတ်ဖုန်းအမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Huawei ဟာ ဒီဇင်ဘာလ၊ ၁၃ ရက်နေ့တုန်းက မီဒီယာတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့အနေနဲ့ Annual Media Thank You ပါတီပွဲကို ကျင်းပပြုလုပ်သွားခဲ့ပါတယ်။

အဲဒီပွဲအတွင်းမှာပဲ သူတို့ရဲ့ လက်တလောလူကြိုက်များနေတဲ့ စမတ်ဖုန်းမော်ဒယ်လ် Nova 2i ရဲ့ အရောင်အသစ် Aurora Blue Edition ကိုပါတစ်ခါတည်းမိတ်ဆက်လို့သွားခဲ့ပါသေးတယ်။

၂၀၁၇ ခုနှစ်ထဲမှာ Huawei ဟာ စမတ်ဖုန်းဈေးကွက်အတွင်းအောင်မြင်မှုတွေရရှိခဲ့တဲ့အပြင် သူတို့ရဲ့ထုတ်ကုန်သစ်တစ်မျိုး ဖြစ်တဲ့ Nova 2i ကလည်းမြန်မာနိုင်ငံမှာရောင်းအားစံချိန်တင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

play

 

ဒါ့အပြင် ၂၀၁၇ခုနှစ်မှာ Huawei ဟာ Brand Z ရဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံးအမှတ်တံဆိပ် ၁၀၀ မှာ အဆင့် ၄၉ နေရာ၊ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံးအမှတ်တံဆိပ်တွေမှာ အဆင့် ၈၈ နေရာ၊ Brand Finance ရဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံးအမှတ်တံဆိပ် ၅၀၀ စာရင်းမှာ အဆင့် ၄၀ နေရာ၊ Interbrand ရဲ့ ကမ္ဘာ့အကောင်းဆုံး အမှတ်တံဆိပ် ၁၀၀ မှာ အဆင့် ၇၀ နေရာတို့ကိုလည်း ရရှိခဲ့ပြီး Fortune မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံး Fortune ကုမ္ပဏီ ၅၀၀ စာရင်းမှာ အဆင့် ၈၃ နေရာအထိ ရောက်ရှိခဲ့ပါတယ်။

HUAWEI nova 2i အပြာရောင်ကို ၁၄ရက်နေ့ကစပြီး စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့လည်း သင့်တော်တဲ့ဈေးနှုန်းနဲ့ နည်းပညာမြင့်စမတ်ဖုန်းတွေကို အသုံးပြုနိုင်ဖို့အတွက် Huawei က ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” လို့ အဆိုပါပါတီပွဲမှာ Huawei Device Myanmar ရဲ့ Marketing Director ဖြစ်သူ မခင်ရတနာဝင်းက ပြောကြားခဲ့ပါတယ်။

HUAWEI nova 2i စမတ်ဖုန်းဟာ Selfie ရိုက်ရာမှာဖြစ်ဖြစ်၊ ပုံရိပ်တွေကို ပုံဖော်ရာတမှာဖြစ်ဖြစ်၊ လူမှုကွန်ယက်တွေကို အသုံးပြုရာမှာဖြစ်ဖြစ် ယနေ့သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီအောင် မျက်နှာပြင်ပြည့် HUAWEI FullView Diplay ဖြင့် အသစ်ထပ်မံပုံဖော်ထားပါတယ်။

play

 

 HUAWEI P10 နဲ့ စတိုင်လ်ကျလှပတဲ့ HUAWEI Matebook PCs တွေလိုပဲသေသပ်လှပတဲ့ ဒီဇိုင်းပုံစံနဲ့HUAWEI nova 2i ဟာ ဓါတ်ပုံရိုက်ကူးရာမှာဖြစ်စေ၊ အတွေ့အကြုံတွေ မျှဝေခံစားရာမှာဖြစ်စေ အသုံးပြုသူကို အဆင့်မြင့်မားတဲ့ ကမ္ဘာသစ်တစ်ခုဆီသို့ ခေါ်ဆောင်ပေးသွားနိုင်မယ်လို့ Huawei ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထား ပါတယ်။

HUAWEI nova 2i ကို (၃၃၉၀၀၀) ကျပ်နဲ့ ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင်အနေနဲ့ အနက်ရောင်၊ ရွှေရောင် နဲ့ အပြာရောင်တို့ကို ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ HUAWEI nova 2i ဝယ်ယူသူတွေအနေနဲ့ HUAWEI powerbank 5000mAh ကို လက်ဆောင်အနေဖြင့် ရရှိမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် MPT သုံးစွဲသူတွေအနေနဲ့ လစဉ် ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်ရုံနဲ့ အင်တာနက်အသုံးပြုရန် ၃၀၀၀ ကျပ် ကို ၁၂ လတိုင်တိုင်ရရှိဦးမယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video