International News: ယူရို ၂၀၁၆ ကြောင့် ရုတ်တရက် နှလုံးရောဂါ ဖြစ်နိုင်ကြောင်း ထိုင်းအစိုးရ သတိပေး

ဘောလုံးပရိသတ်တွေဟာ အနားယူဖို့လည်း လိုအပ်ပြီး စိတ်လှုပ်ရှားလွန်းစွာဖြင့် အားပေးခြင်းမပြုသင့်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်။

play


ယူရို ၂၀၁၆ ဘောလုံးပရိသတ်တွေ အနေနဲ့ ပြိုင်ပွဲတွေကို စိတ်လှုပ်ရှားစွာ အားပေးဖြင့် နှလုံးရပ်ပြီး သေဆုံးနိုင်တဲ့ အန္တရာယ်ရှိနိုင်ကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။

play


ဘောလုံးပရိသတ်တွေ အနေနဲ့ ဒေသစံတော်ချိန် ညပိုင်းနဲ့ ညဥ့်နက်ပိုင်းတွေမှာ ဆက်တိုက် ယှဉ်ပြိုင်ကစားနေတဲ့ ယူရို ၂၀၁၆ ပွဲစဉ်တွေကို မနားတမ်း ကြည့်ရှုခြင်းမပြုရန် ပြည့်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အကြံပြုချက်မှာ တိုက်တွန်းထားပါတယ်။

play


ဘောလုံးပရိသတ်တွေဟာ အနားယူဖို့လည်း လိုအပ်ပြီး စိတ်လှုပ်ရှားလွန်းစွာဖြင့် အားပေးခြင်းမပြုသင့်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်။ ဒါ့အပြင် ဘောလုံးပွဲစဉ်တွေကို လောင်းကြေးထပ်ပြီး အားပေးကြည့်ရှုခြင်း မပြုလုပ်ရန်လည်း တိုက်တွန်းထားပါတယ်။

play


ထိုင်းအစိုးရက ဘောလုံးပွဲလောင်းကစားမှု နှိမ်နင်းသွားမယ်လို့ အစောပိုင်းက ကြေညာထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ လောင်းကစားဝက်ဘ်ဆိုက် ၈၀၀ ကျော်ကို ပိတ်ပစ်ခဲ့ပြီး လောင်းကစားသူ အများစုအပါအဝင် လူပေါင်း ၁,၀၀၀ ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ