AD
AD
AD
play

 

အိန္ဒိယနိုင်ငံအတွင်းမှာ ဆိုးရွားတဲ့ ကားလမ်းတွေကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း သေဆုံးခဲ့ရသူဟာ အနည်းဆုံး ၃၅၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ကားလမ်းတွေနဲ့ ယာဉ်မောင်းတွေကြောင့် သေဆုံးခဲ့ရသူတွေကတော့ စုစုပေါင်း တစ်သောင်းကျော် ရှိနေပါတယ်။

play

 

အခြားသူတွေရဲ့ ပယောဂမပါပဲ လမ်းကြောင်း ဖြစ်ရတဲ့ ကားအက်ဆီဒန့်မှာ သေဆုံးခဲ့ရသူအရေအတွက်ဟာ တစ်သောင်းကျော်ရှိခဲ့တာပါ။ အချို့အချက်အလက်တွေကို စုစည်းမရတာကြောင့် ဒီထက်လည်းပိုနိုင်ပါသေးတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်ကထက်စာရင်း ၂၀၁၅ ခုနှစ်မှာတော့ လမ်းအပေါက်တွေကြောင့် ယာဉ်မတော်တဆဖြစ်ပြီး သေဆုံးခဲ့သူဟာ လျော့ကျသွားတယ်လို့ ဆိုပါတယ်။

play

 

ပြည်သူ့လုပ်အားဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ လမ်းမထက်တွေမှာ ချိုင့်တွေ၊ အပေါက်တွေဖြစ်နေရခြင်းကို မြို့သီးသီးရဲ့ စည်ပင်သာယာက တာဝန်ယူရမှာဖြစ်ပြီး လမ်းတွေကြောင့် လူတွေထိခိုက်သေဆုံးရမှုတွေအပေါ်မှာလည်း လမ်းဖောက်လုပ်ခွင့်ရထားတဲ့ ကုမ္ပဏီတွေ တာဝန်ယူရမှာ ဖြစ်ကြောင်း ပါရှိပါတယ်။

Source : Indiatime

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD