play

 

ပြင်သစ်နိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေဟာ ပါရီတံတားပေါ်မှာ သော့ခလောက်တွေ လာချိတ်နေကြလို့ တခြားနည်းနဲ့ ချစ်သက်သေပြဖို့ ပါရီအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ ချစ်သူစုံတွဲတွေဟာ ပါရီမြို့ကတံတားတွေမှာ သော့ခလောက်တွေကိုခတ်ကာ မိမိတို့အချစ်သစ္စာကို သက်သေထူကြတာဖြစ်ပါတယ်။

play

 

ယမန်နှစ် ဇွန်လတုန်းကလည်း အာဏာပိုင်တွေဟာ အရေအတွက်သန်းပေါင်းများသော သော့ခလောက်တွေကို တံတားပေါ်ကနေ ဖယ်ရှားခဲ့ကြရပါသေးတယ်။ Pont des Arts တံတားဆိုရင် သော့ခလောက်တွေရဲ့အလေးချိန်ကြောင့် အစိတ်ပိုင်းအချို့ပြိုကျသွားခဲ့ရပါတယ်။

play

ပါရီရဲ့တံတားတွေမှာ သော့ခလောက်မချိတ်ဖို့နဲ့ အခြားနည်းလမ်းဖြင့်သာ ချစ်သက်သေထူဖို့အတွက် မေတ္တာရပ်ခံတဲ့ဆိုင်းဘုတ်တွေကို စိုက်ထူသွားမှာဖြစ်ကြောင်း ဒုတိယမြို့တော်ဝန် ဘရူနိုက ပြောပါတယ်။

Source : Yahoo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video