AD
AD
AD
play

 

ခွေးလေးတစ်ကောင်ကို ကားအနောက်မှာ ကြိုးချည်ပြီး လမ်းမထက်မှာ တရွတ်တိုက်ဆွဲခေါ်သွားတဲ့ အမျိုးသားတစ်ဦးကို ပတ်ဝန်းကျင်က လူပေါင်းများစွာ ဒေါသထွက်ပြီး ရိုက်နှက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

play

 

ခွေးကလေးကို ကားနဲ့ချည်ပြီး လမ်းမထက်မှာ ဆွဲခေါ်သွားတဲ့ ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုလည်း ပျံ့နှံ့လာတာကြောင့် တရုတ်ပြည်တွင်း လူမှုကွန်ယက်အသုံးပြုသူတွေက ဒေါသထွက်လျှက်ရှိပါတယ်။ လည်းပင်းမှာ စွပ်ထားတဲ့ ကြိုးကို ကားနဲ့ ချည်ထားပေမယ့် ခွေးကလေးဟာ လမ်းမထက်မှာ တရွတ်တိုက် မလိုက်ရအောင် ကြိုးပမ်းပြေးလွှားခဲ့ပေမယ့် ကားအရှိန်အတိုင်း လိုက်မပြေးနိုင်တဲ့အတွက် ဒဏ်ရာများစွာ ရခဲ့ပါတယ်။

play

 

ဒီဖြစ်ရပ်ကို သတိထားမိခဲ့တဲ့ လူတွေများလာပြီးနောက် ကားရပ်သွားတဲ့အချိန်မှာ ကားပိုင်ရှင်ကို ဒေါသထွက်တဲ့ လူအချို့က ဝိုင်းဝန်းထိုးကြိတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ လျှင်မြန်စွာ ရောက်လာတာကြောင့် အဆိုပါအမျိုးသား အသက်ဘေးက ကလွတ်ခဲ့ပါတယ်။

ဒါပေမယ့် ကားနဲ့တရွတ်တိုက် ဆွဲခေါ်ခံရတဲ့ ခွေးကလေးကတော့ ဒဏ်ရာများစွာနဲ့ သေဆုံးသွားခဲ့ရပါတယ်။

Source :

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD