AD
AD
AD
play


တရုတ်နိုင်ငံမှာ အင်တာနက်အသုံးပြုသူဦးရေ သန်း ၇၁၀ ရှိပြီဖြစ်ကြောင်း ဇွန်လစာရင်းများအရ သိရှိရပြီး ထိုပမာဏမှာ တရုတ်လူဦးရေရဲ့ ၅၁.၇ ရာခိုင်နှုန်းဖြစ်ကြောင်း တရုတ်အင်တာနက်ကွန်ယက် သတင်းအချက်အလက်ဌာန (CNNIC) က သြဂုတ် ၃ ရက်က ထုတ်ပြန်ပြောကြားပါတယ်။

play


တရုတ်မှာ ၂၀၁၆ ခုနှစ် ပထမခြောက်လအတွင်း ၂၁.၃ သန်း ပိုများလာကြောင်းနဲ့ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းကထက် ၁.၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရပါတယ်။ တရုတ်မှာ ကျေးလက်ဒေသနဲ့ မြို့ပြဒေသကြား အင်တာနက်အသုံးပြုမှုမှာ ကြီးမာစွာ ကွာဟနေသေးတယ်လို့ ဆိုပါတယ်။

play


တရုတ်နိုင်ငံမှာ စမတ်ဖုန်းဖြင့် အင်တာနက်သုံးသူ အရေအတွက်မှာ အလွန်များပြားပြီး စုစုပေါင်း အသုံးပြုသူရဲ့ ၉၂.၅ ရာခိုင်နှုန်း (၆၅၆ သန်း) ဖြစ်ကြောင်း သိရပါတယ်။ ပျမ်းမျှအားဖြင့် တရုတ်နိုင်ငံမှ အင်တာနက်အသုံးပြုသူတစ်ဦးက တစ်ရက်လျှင် ၃.၈ နာရီကြာ သုံးလေ့ရှိကြောင်းနဲ့ ၂၀၁၅ ခုနှစ်ကထက် ၀.၃ နာရီ ပိုမိုကြာမြင့်လာခဲ့ပါတယ်။

play


တရုတ်နိုင်ငံမှ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ စုစုပေါင်းရဲ့ ၉၂ ရာခိုင်နှုန်းက Messaging App များကို သုံးလေ့ရှိပြီး ၈၀ ရာခိုင်နှုန်းက သတင်း App များကို သုံးကြပါတယ်။ အွန်လိုင်း သီချင်း၊ ဗီဒီယိုနဲ့ ငွေပေးချေမှု App များမှာ တရုတ် မိုဘိုင်းအင်တာနက်သုံးသူများကြား ရေပန်းစားကြောင်း သိရပါတယ်။

ဒါ့အပြင် စမတ်ဖုန်း App အသုံးပြုပြီး အစားအစာ မှာယူမှုများလည်း တရုတ်မှာ မြင့်တက်လာပြီး လူ ၁၄၆ သန်းက စမတ်ဖုန်း App ဖြင့် အစားအစာ မှာယူလေ့ရှိတယ်လို့ ဆိုပါတယ်။
Source & Photo: Xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD