AD
AD
AD
play


စီနိုင်းဒေသရဲ့ အိုင်အက်စ်ခေါင်းဆောင်နဲ့ တပ်ဖွဲ့ဝင် အများအပြား သေဆုံးသွားကြောင်း အီဂျစ်စစ်တပ်က ပြောကြားပါတယ်။ စီနိုင်းဒေသရှိ အီလ်အရစ်ရှ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အဘူဒူအာ အလ်အန်ဆာရီ သေဆုံးသွားကြောင်း အီဂျစ်စစ်တပ်က ဆိုပါတယ်။

play


လေကြောင်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ်အဖွဲ့ရဲ့ စီနိုင်ဒေသခေါင်းဆောင်နဲ့ အကြမ်းဖက်သမား ၄၅ ဦးကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ စီနိုင်းဒေသဟာ အီဂျစ်နိုင်ငံရဲ့ အစွန်းရောက်များ လှုပ်ရှားမှုအများဆုံး ဒေသဖြစ်ပြီး စီနိုင်းနဲ့ကိုင်ရိုမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ အဆိုပါ ဒေသနဲ့ ဆက်စပ်နေပါတယ်။

play


လေကြောင်းတိုက်ခိုက်မှုကို အီလ်အရစ်ရှ်ရဲ့ တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်း နေရာတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အီဂျစ်စစ်ဘက်အကြီးအကဲက ဖေ့စ်ဘွတ်မှာ ရေးသားဖော်ပြပေမဲ့ မည်သည့်အချိန်မှာ တိုက်ခိုက်ခဲ့ကြောင်းကိုတော့ ပြောကြားထားခြင်း မရှိပါဘူး။ အီဂျစ်နိုင်ငံ စီနိုင်းဒေသမှာ အစွန်းရောက်ဂျီဟတ်အုပ်စုရဲ့ လှုပ်ရှားမှုများ ၂၀၁၁ ခုနှစ်ကတည်းက စတင်ရှိနေခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD