AD
AD
AD
play


ဂျပန်နိုင်ငံရဲ့ အမျိုးသမီး ကာကွယ်ရေးဝန်ကြီးအသစ်က မြောက်ကိုရီးယားမှ ပစ်လွှတ်တဲ့ ဒုံးကျည်မှန်သမျှကို ပစ်ချဖျက်ဆီးပစ်ရန် စစ်တပ်ကို အသင့်အနေထားဖြင့် တပ်လှန့်ထားရန် ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။

နိုင်ငံကို ခြိမ်းခြောက်တဲ့ မြောက်ကိုရီးယားဒုံးကျည်မှန်သမျှကို ဖျက်ဆီပစ်ရန် ဂျပန်ကာကွယ်ရေးဝန်ကြီးသစ် တိုမိုမီအင်နာဒါက ယနေ့ (သြဂုတ် ၈ ရက်) ပြောကြားကြောင်း NHK သတင်းဌာနက ဖော်ပြပါတယ်။

play


မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ရန် ပြင်ဆင်နေကြောင်း သတင်းတစ်စုံတရာ မရှိပေမဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီးက စစ်တပ်ကို အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။ တိုမိုမီဟာ ဝန်ကြီးချုပ်ရှင်ဇိုအဘေးရဲ့ အနီးကပ်လူယုံတစ်ဦးဖြစ်ပြီး အမျိုးသားရေး ခံယူချက်ပြင်းထန်သူလည်း ဖြစ်ပါတယ်။

play


မြောက်ကိုရီးယားဒုံးကျည်ကို ဖျက်ဆီးပစ်ရန် ဝန်ကြီးက အမိန့်ပေးထားကြောင်း သတင်းအပေါ် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုရန် ငြင်းဆိုခဲ့ပါတယ်။

တိုမိုမီကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (သြဂုတ် ၃ ရက်) က ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာဖြစ်ပြီး ထိုနေ့မှာ မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်ဘက်ကို ဦးတည်ပြီး ဒုံးကျည်ပစ်လွှတ်ခဲ့ရာ ဂျပန်ရေပိုင်နက်အတွင်း ကျရောက်ခဲ့ပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD