play

 

ကြည်လင်တဲ့ရေပြင်တဲ့ သန္တာကျောက်တန်းများရှိရာ မော်လ်ဒိုက်ကျွန်းစုဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုနဲ့ ရင်ဆိုင်ရတော့မှာပါ။ မော်လ်ဒိုက်မှာ သဘာဝအတိုင်းရှိနေတဲ့ သန္တာကျောက်တန်းစုရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ အရောင်ပြောင်းလဲသွားနှင့်ပြီးဖြစ်ပါတယ်။ အချို့နေရာတွေမှာဆိုရင် ၉၀ ရာခိုင်နှုန်းလောက်တောင် ရှိနေပြီလို့ သုတေသီတွေက ဆိုပါတယ်။

play

 

မော်လ်ဒိုက်အဏ္ဏဝါသုတေသနစင်တာနဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးအေဂျင်စီဟာ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး သုတေသနနဲ့စူးစမ်းမှုတွေ ပြုလုပ်ရာမှာ ယခုလိုသိရှိခဲ့ရတာဖြစ်ပါတယ်။ မော်လ်ဒိုက်မှာ ကမ္ဘာ့သန္တာကျောက်တန်းတွေရဲ့ စုစုပေါင်း ၃ ရာခိုင်နှုန်း တည်ရှိနေတယ်လို့ Guardian သတင်းမှာ ဖော်ပြထားပါတယ်။

play

ပင်လယ်ရေမြင့်တက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုဒဏ်တွေဟာ ယင်းသန္တာကျောက်တန်းစုတွေကို ပြုန်းတီးစေမယ့် လက္ခဏာရပ်တွေလည်း ဖြစ်ပါတယ်။ ပင်လယ်ရေပူနွေးလာခြင်းကြောင့် သန္တာကျောက်တန်းရဲ့အရောင်တွေကိုဖြစ်ပေါ်စေတဲ့ ရေညှိတွေ ပျက်သုန်းသွားကာ သန္တာကျောက်တန်းရဲ့အရောင်ပြောင်းလဲသွားရခြင်းဖြစ်တယ်လို့ သိရပါတယ်။

Source : Zee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video