AD
AD
AD
play

 

ထိုင်းနိုင်ငံ ဟော်ဟင်အပန်းဖြေစခန်းအနီးမှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီးနောက် အနည်းဆုံး တစ်ဦးသေဆုံးကာ အခြား ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ ဗုံးတွေကို  ပန်းအိုးထဲမှာ ဖွက်ထားခဲ့တာဖြစ်ပြီး ဗုံးတစ်လုံးနဲ့ တစ်လုံးပေါက်ကွဲချိန်ဟာ မိနစ် သုံးဆယ်လောက် အချိန်ခြားခဲ့ပါတယ်။

play

 

မိုဘိုင်းဖုန်းနဲ့ ခေါ်ဆိုဖောက်ခွဲတဲ့ ဗုံးအမျိုးအစားဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူဟာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။

play

 

ဒဏ်ရာရရှိသူ ၁၉ ဦးထဲမှာ အနည်းဆုံး ငါးဦးက နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေဖြစ်တယ်လို့ သိရပါတယ်။

play

ဗုံးနှစ်လုံးကို ၁၀၀ မီတာ အကွာအဝေးလောက်မှာထားပြီး ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

play

 

ဗုံးပေါက်သွားပြီးတဲ့နောက် လမ်းမထက်မှာ သွေးစတွေ၊ အဝတ်စတွေနဲ့ လူတွေ ပြေးလွှားနေခဲ့တာ တွေ့ရတယ်လို့ မျက်မြင်တွေ့ခဲ့သူ ထိုင်းနိုင်ငံသား ဝိခ်က ပြောပါတယ်။

play


ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေ ရှိတယ်လို့လည်း CNA  သတင်းဌာနက ဖော်ပြထားပါတယ်။

ှ*နောက်ဆက်တွဲသတင်းအရ ဗုံးပေါက်ကွဲမှု ကြောင့် သေဆုံးသူစာရင်းဟာ လေးဦးအထိ တိုးလာခဲ့ပါတယ်။

Source : CNA/ BBC
Photos : The Sun, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD