AD
AD
AD
play


အမေရိကန်လေကြောင်းလိုင်း JetBlue မှ ခရီးသည်တင်လေယာဉ်တစ်စီး ပျံသန်းနေစဉ် လေကြောင်း ရုတ်တရက် ပြောင်းလဲမှုကြောင့် လေထုအတွင်း လှုပ်ရမ်းခဲ့ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ လေထုအတွင်း လေယာဉ်လှုပ်ရမ်းမှုနဲ့ အရေးပေါ် ဆင်းသက်ရမှုကြောင့် လိုက်ပါလာတဲ့ ခရီးသည် ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

play


ကြာသပတေးနေ့ (သြဂုတ် ၁၁ ရက်) ညနေပိုင်းက လေကြောင်းခရီးစဉ် ၄၂၉ အဖြစ် ဘော်စတွန်မှ ဆက်ရာမင်တိုကို ပျံသန်းလာတဲ့ လေယာဉ်ဟာ ရုတ်တရက် လေကြောင်းပြောင်းလဲမှုကြောင့် တောင်ပိုင်းဒါကိုတာပြည်နယ် ရတ်ပစ်မြို့မှာ လမ်းကြောင်းလွှဲပြီး အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ဆိုပါတယ်။

play


အဆိုပါ လေယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ခရီးသည် ၂၂ ဦးနဲ့ လေယာဉ်အမှုထမ်း ၂ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း NBC News က ပြောပါတယ်။
Source & Photo: NBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD