AD
AD
AD
play

 

ပေါ်တူဂီနိုင်ငံ မာဒေးရာပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကို ငြိမ်းသတ်ဖို့အတွက် ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်ဒိုက ငွေကြေးလှူဒါန်းဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

play

 

မာဒေးရာပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး မီးဘေးရန်ကြောင့် အနည်းဆုံး လူပေါင်း လေးဦး သေဆုံးခဲ့ရပြီးပြီဖြစ်ပါတယ်။ ဒါပေမယ့် ငွေကြေးပမာဏ ဘယ်လောက်လှူဒါန်းမှာ ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ပေါ်တူဂီပြည်တွင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။

play

 

မာဒေးရာမှာ တောမီးလောင်ကျွမ်းနေတာကို ကြည့်ရတာ စိတ်ထိခိုက်ခံစားရကြောင်း ရော်နယ်ဒိုက လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။ မာဒေးရာဒေသဟာ ရော်နယ်ဒိုရဲ့ မွေးရပ်မြေလည်း ဖြစ်ပါတယ်။ အသက်စွန့်ပြီး မီးငြိမ်းသတ်နေသူတွေကို ကျေးဇူးတင်ကြောင်းလည်း ရော်နယ်ဒိုက ရေးသားထားပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD