AD
AD
AD
play


ပြင်းအားအဆင့် ၇.၂ ရှိ ငလျင်တစ်ခု တောင်ပစိဖိတ်ကျွန်းနိုင်ငံ ဗင်နွာတူမှာ လှုပ်ခတ်ခဲ့ပါတယ်။ ဗင်နွာတူနိုင်ငံကမ်းလွန် ပင်လယ်ပြင်အတွင်း ယနေ့ (သြဂုတ် ၁၂ ရက်) လှုပ်ခတ်ခဲ့တာဖြစ်ကြောင်း အမေရိကန် Geologial Survey ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

play


ငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ဗဟိုချက်နဲ့ နီးစပ်ရာနေရာတွေမှာ ဆူနာမီရေလှိုင်းများ ရောက်ရှိလာနိုင်ကြောင်း ပစိဖိတ်ဆူနာမီ သတိပေးစင်တာက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးဒဏ်ရာရရှိမှုနဲ့ ပျက်စီးဆုံးရှုံးမှု သတင်းများ မရှိသေးကြောင်း သိရပါတယ်။

ဗင်နွာတူ ပတ်ဝန်းကျင်ဒေသမှာ ငလျင်များ မကြာခဏ လှုပ်ခတ်လေ့ရှိပြီး ယမန်နှစ် အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်းကလည်း ပြင်းအားအဆင့်တူတဲ့ ငလျင်များ လှုပ်ခတ်ခဲ့ပါတယ်။
Source & Photo: USGS, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD