play


ဂျပန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသမှာ အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အဆိုပါ ဒေသတွေမှာ ရေကြီးမှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက ပြောပါတယ်။

play


ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း ချန်သူ (Chanthu) ဟာ ယနေ့ (သြဂုတ် ၁၆ ရက်) ညနေပိုင်းမှာ လေတိုက်နှုန်း တစ်နာရီလျှင် ၆၇ မိုင်နှုန်းဖြင့် တိုက်ခတ်နေကြောင်းလည်း ဂျပန်မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်းရဲ့ လက်ရှိ ရွှေ့လျားမှုလမ်းကြောင်းအရ ချီဘာစီရင်စု အပါအဝင် ဂျပန်အရှေ့ပိုင်း၊ တိုကျိုမြို့ အရှေ့တောင်ပိုင်းကို ဗုဒ္ဓဟူးနေ့ (သြဂုတ် ၁၇ ရက်) နံနက်ပိုင်းမှာ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

အပူပိုင်းမုန်တိုင်း ချန်သူဟာ ဂျပန်အရှေ့ပိုင်းကို ဖြတ်ကျော်ပြီးနောက် မြောက်ပိုင်းရှိ တိုဟိုကူဒေသကို ဆက်လက် ရွှေ့လျားနိုင်ကြောင်းလည်း သိရပါတယ်။
Source & Photo: AFP, WUD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video