play

 

ကမ္ဘာ့အကြီးဆုံးလေသင်္ဘောကြီး Airlander 10 ရဲ့ ပထမဆုံးအကြိမ် ပျံသန်းမှုကို သြဂုတ် ၁၇ ရက်မှာ စတင်လိုက်ပါတယ်။ မူလက တနင်္ဂနွေနေ့မှာ စတင်ပျံသန်းဖို့ စီစဉ်ခဲ့ပေမဲ့ နည်းပညာပိုင်းမှာလိုအပ်ချက်အနည်းငယ်ရှိလို့ ရက်နောက်ဆုတ်လိုက်ရတာပါ။

play

 

Airlander 10 ဟာ လန်ဒန်မြို့အနီးက Cardington ကွင်းကနေ စတင်ပျံသန်းခဲ့တာဖြစ်ပါတယ်။ ပျံသန်းချိန်ဟာ နာရီဝက်ခန့်သာရှိခဲ့တယ်လို့ AP သတင်းအရ သိရပါတယ်။

play

 

အလျား ၃၀၂ ပေ ရှည်လျားတဲ့ လေသင်္ဘောကြီးကို Hybrid Air Vehicles ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး ဟီလီယံဓာတ်ငွေ့သုံးကာ လေထဲမှာဖြည်းညင်းစွာ ပျံသန်းတာဖြစ်ပါတယ်။

Source : Gizmodo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video