AD
AD
AD
play

 

၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ဆီးရီးယားအကျဉ်းထောင်အတွင်းမှာ သေဆုံးခဲ့ရတဲ့ အကျဉ်းသားအရေအတွက်ဟာ ၁၇၀၀၀ ကျော်ရှိကြောင်း လူအခွင့်အရေး စောင့်ကြည့်သူအဖွဲ့ Amnesty International က အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အကျဉ်းသားတွေဟာ နှိပ်စက်ခံမှုတွေ၊ မုဒိမ်းကျင့်ခံရမှုတွေ၊ ရောဂါဘယတွေကြောင့် သေဆုံးမှု မြင့်တက်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ နှိပ်စက်ခံမှုကနေ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို လိုက်လံမေးမြန်းထားပြီးနောက် ဒီစီရင်ခံစာကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဆီရီးယား အစိုးရကတော့ ဒီစွပ်စွဲချက်တွေကို ပြန်လည်ငြင်းဆန်ထားပါတယ်။

play

 

ဆီးရီးယားသမ္မတ ဘက်ရှာအာဆက်အပေါ် ဆန့်ကျင်မှုတွေ များလာပြီးနောက်ပိုင်းကတည်းက အကျဉ်းသားတွေ နှိပ်စက်ခံ သေဆုံးရမှု မြင့်တက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စုစုပေါင်း အကျဉ်းသားဦးရေ ၁၇၇၂၃ သေဆုံးခဲ့ရတယ်လို့ အကြမ်းဖျဉ်းတွက်ချက်ထားပြီး တစ်ရက်မှာ ဆယ်ဦး သို့မဟုတ် တစ်လမှာ သုံးရာကျော် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

play

 

အကျဉ်းထောင်တွေအတွင်း အကျဉ်းသားသစ်တစ်ဦး ရောက်လာခဲ့ရင် ကြိုဆိုပွဲ လုပ်လေ့ရှိပြီး အဲဒီ ကြိုဆိုပွဲဟာ အကျဉ်းသားသစ်တွေကို နှိပ်စက်ရိုက်နှက်တာ ဖြစ်ပါတယ်။ အမျိုးသမီးအကျဉ်းသားပေါင်းများစွာလည်း အစောင့်တွေရဲ့ အဓမ္မပြုကျင့်ခြင်းကို အကြိမ်ကြိမ်ခံခဲ့ကြရကြောင်း သိရပါတယ်။

" သူတို့က ကျွန်တော်တို့ကို တိရိစ္ဆာန်တွေလို ဆက်ဆံတာလေ။ ကျွန်တော်တို့သေသွားလို့လည်း သူတို့အပြစ်မခံရပါဘူး။ ကျွန်တော်ဆို သွေးတွေက မြစ်လိုစီးနေတာ မြင်ခဲ့ဖူးတယ်။ လူ့အဖွဲ့အစည်းဟာ ဒီလောက် အဆင့်နိမ့်သွားမယ်လို့ ကျွန်တော်တစ်ခါမှ မတွေးဖူးဘူး" လို့ အကျဉ်းကျခံရတဲ့ဘဝမှ လွတ်မြောက်လာသူ ဆမာ က Amnesty ကို ပြောပါတယ်။

ှSource : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD