AD
AD
AD
play


ထိုင်းနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ အပန်းဖြေနေရာတွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှုများနဲ့ ဆက်နွယ်ကြောင်း သံသယရှိသူ ၁၅ ဦးကို စစ်စခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထိုင်းအစိုးရက ယနေ့ (သြဂုတ် ၁၈ ရက်) ပြောပါတယ်။

play


ထိုင်းအာဏာပိုင်တွေက သံသယရှိသူ ၁၇ ဦးကို အထူးတပ်ဖွဲ့စခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း အစိုးရရဲ့ အကြံပေးပုဂ္ဂိုလ်က ဆိုပါတယ်။ ပြန်လွှတ်ပေးလိုက်သူ နှစ်ဦးကို ပြန်လည်ဖမ်းဆီးရန် စီစဉ်နေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောပါတယ်။

play


ထိုင်းမှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု ၁၁ ခုကို လုပ်ဆောင်ခဲ့ကြောင်း မည်သည့်အဖွဲ့ကမျှ ထုတ်ဖော်ပြောကြားမှု မရှိသေးပါဘူး။ ကြာသပတေးနေ့ (သြဂုတ် ၁၁ရက်) ညပိုင်းနဲ့ သောကြာနေ့ (သြဂုတ် ၁၂ ရက်) နံနက်ပိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံတစ်ဝန်းရှိ အပန်းဖြေစခန်း နေရာများကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်မှုများအတွင်း လူလေးဦး သေဆုံးခဲ့ပြီး နိုင်ငံခြားသားများ အပါအဝင် လူ ၂၀ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD