AD
AD
AD
play


အင်ဒိုနီးရှားနိုင်ငံမှာ တောမီးလောင်ကျွမ်းနေမှုကြောင့် ပြာမှုန်နဲ့ မီးခိုးငွေ့များ အိမ်နီးချင်းနိုင်ငံများသို့ ပျံ့နှံ့နိုင်ကြောင်းနဲ့ တောမီးလောင်မှုများ ပိုမိုဖြစ်နေကြောင်း အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

play


အင်ဒိုနီးရှားမှာ တောမီးလောင်မှုကြောင့် မီးခိုးငွေ့များ ဒေသတွင်း ပျံ့နှံ့ရောက်ရှိမှုမှာ ခြောက်သွေ့ကာလမှာ နှစ်စဉ်ဖြစ်ပွားလေ့ရှိတဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။ ယမန်နှစ် အင်ဒိုနီးရှားတောမီးမှာမူ အဆိုးဆိုးဖြစ်ခဲ့ပြီး မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံရဲ့ နေရာဒေသများအထိ မီးခိုးများ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။

play


တောမီးလောင်မှုမှ ထွက်ပေါ်လာတဲ့ မီးခိုးများကြောင့် ဒေသတွင်းမှာ ကျောင်းများပိတ်ခဲ့ရပြီး လူပေါင်းထောင်နဲ့ချီ ကျန်းမာရေးပြဿနာ ကြုံခဲ့ရပါတယ်။ ယခုနှစ် တောမီးလောင်ကျွမ်းနေတဲ့ နေရာအရေအတွက်မှာလည်း ၂၀၁၅ ခုနှစ်က လောင်ကျွမ်းခဲ့မှုပမာဏနဲ့ အလားတူ ဖြစ်လာတယ်လို့ ဆိုပါတယ်။

play


Riau ပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ မလက္ကာရေလက်ကြားကို ကူးစက်လာကြောင်း သိရပါတယ်။ တောမီးများ လောင်ကျွမ်းနေတဲ့ Riau ပြည်နယ်မှာ ဆူမတြားကျွန်း အနောက်ပိုင်းမှာရှိပြီး ဆီအုန်းစိုက်ခင်းများ အဓိက လုပ်ကိုင်နေတဲ့ ဒေသဖြစ်ပါတယ်။

play


သောကြာနေ့ (သြဂုတ် ၁၉ ရက်) မှာ တွေ့ရှိရတဲ့ ဂြိုဟ်တုဓာတ်ပုံများအရ နေရာပေါင်း ၁၅၈ ခုမှာ တောမီးများ လောင်ကျွမ်းနေပြီး ပြီးခဲ့တဲ့ ရက်ကထက် ၁၀၆ နေရာ တိုးမြင့်လာခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD