play


ပြင်သစ် အကောက်ခွန်အရာရှိတွေက ရေနဂါးအသေ ကောင်ရေ ၂,၀၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သြဂုတ် ၁၉ ရက်မှာ ပြောကြားပါတယ်။ ဇူလိုင် ၂၈ နဲ့ သြဂုတ် ၈ ရက်က ဂီနီနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ထားပြီး လေကြောင်းလိုင်း ပါဆယ်ထုပ်များအတွင်း သိုဝှက်ထားတဲ့ ရေနဂါးအသေကောင် အထုပ်များကို တွေ့ရှိသိမ်းဆည်ရမိခဲ့ပါတယ်။

play


ရေနဂါးများဟာ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့မှာ ကာမအားတိုးတိုင်းရင်းဆေး ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုပြီး တန်းဖိုးကြီးမားတယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း မာဒါဂါစကာမှ ဟောင်ကောင်သို့ ပို့ဆောင်မယ့် အမေရိကန်ဒေါ်လာ ၂၂၅,၀၀၀ တန်ဖိုးရှိ ရေနဂါးကောင်ရေ ၁၉,၀၀၀ ခန့်ကို ပြင်သစ်အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

ရေနဂါးများမှာ ကာကွယ်စောင့်ရှောက်မှု စာရင်းဝင်တဲ့ ရေသတ္တဝါမျိုးနွယ် ဖြစ်ပါတယ်။ ရေနဂါးများမှာ တိရစ္ဆာန်မျိုးစိတ်များ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်အရ ထိန်းသိမ်းစောင့်ရှောက်မှု စာရင်းဝင်တဲ့ ရေသတ္တဝါမျိုးစိတ် ဖြစ်ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video