AD
AD
AD
play


ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ၎င်းရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးအပေါ် ကုလသမဂ္ဂက ဝေဖန်ပြောကြားခဲ့ပြီးနောက် ဖိလစ်ပိုင်အနေနဲ့ ကုလသမဂ္ဂမှ ခွဲထွက်မယ်လို့ တုံ့ပြန်ခြိမ်းခြောက်လိုက်ပါတယ်။

play


ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ပြင်းထန်စွာ နှိမ်နင်းနေမှုအား နိုင်ငံတကာဥပဒေများအရ ပြစ်မှုကျူးလွန်မှုအဖြစ် ကုလသမဂ္ဂက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။


သမ္မတဒူတာတေးက ဖိလစ်ပိုင်အနေနဲ့ ကုလသမဂ္ဂမှ ထွက်ခွာပြီး တရုတ်နဲ့ အာဖရိက နိုင်ငံတွေကို အလားတူ အခြား အဖွဲ့အစည်း တည်ထောင်ရန် တိုက်တွန်းသွားရလိမ့်မယ်လို့ ဆိုပါတယ်။

play


ကုလသမဂ္ဂ အနေနဲ့ အကြမ်းဖက်မှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ပဋိပက္ခတွေကို မဖြေရှင်းနိုင်ခဲ့ကြောင်းလည်း ဖိလစ်ပိုင်သမ္မတက စွပ်စွဲခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ မေလ ၉ ရက်က ဒူတာတေး သမ္မတအဖြစ် ရွေးကောက်ခံခဲ့ပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၉၀၀ ခန့်ကို သုတ်သင်ခဲ့ပြီး ဖြစ်ပါတယ်။

play


သမ္မတဒူတာတေးက မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို သတ်ဖြတ်နိုင်ပါက ရဲတပ်ဖွဲ့ဝင်တွေသာမက သာမန် ပြည်သူတွေကိုလည်း ဆုချီးမြှင့်မယ်လို့ ကမ်းလှမ်းထားခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD