AD
AD
AD
play


အိန္ဒိယနိုင်ငံတစ်ဝန်း ရေကြီးမှုတွေကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်းသောင်းနဲ့ချီ ရွှေ့ပြောင်းခဲ့ရပါတယ်။ မတ်ရာပရာဒက်ရှ်ပြည်နယ် အလယ်ပိုင်းမှာ ရေကြီးမှုကြောင့် သေဆုံးမှုအများဆုံး ဖြစ်ခဲ့ပြီး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

play


ဘီဟာပြည်နယ် အရှေ့ပိုင်းမှာ အနည်းဆုံး လူ ၁၅,၀၀၀ ကို ရေကြီးမှုကြောင့် နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

play


အိန္ဒိယမှာ မုတ်သုံရာသီဖြစ်တဲ့ ဇွန်လမှ စက်တင်ဘာလအတွင်း ရေကြီးမှုတွေ ဖြစ်ပွားလေ့ရှိပြီး ယခုနှစ်မှာ ယခင်နှစ်ကထက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂင်္ဂါမြစ်နဲ့ ၎င်းရဲ့ မြစ်လက်တက်တွေမှာ စိုးရိမ်ရေမှတ်များအထက် ရေများမြင့်တက်ခဲ့ပါတယ်။

play


မတ်ယာပရာဒက်ရှ်၊ ဘီဟာနဲ့ အူတာပရာဒက်ရှ် ပြည်နယ်များရှိ နေရာဒေသ ၂၀ ခန့်မှာ မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိခဲ့ပါတယ်။

play


ဘီဟာနဲ့ အူတာပရာဒက်ရှ် ပြည်နယ်တွေမှာ ရေကြီးမှုအတွင်း ရေနစ်မှု၊ ဓာတ်လိုက်မှုနဲ့ နေအိမ်ပြိုကျမှုတွေကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP, AP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD