play


ယခုနှစ် မုတ်သုံရာသီ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးမှုတွေကြောင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွမှာ အနည်းဆုံး လူ ၃၀၀ သေဆုံးခဲ့ပြီး လူဦးရေ ၆ သန်းကျော် ရေဘေးသင့်ခဲ့ပါတယ်။

play


ရေကြီးမှုတွေကြောင့် ကျေးရွာများ ရေနစ်မြုပ်မှု၊ စိုက်ခင်းနဲ့လမ်းများ ပျက်စီးမှု၊ လျှပ်စစ်ဓာတ်အားနဲ့ ဖုန်းလိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အိန္ဒိယတာဝန်ရှိသူတွေက အင်္ဂါနေ့ (သြဂုတ် ၂၃ ရက်) မှာ ပြောပါတယ်။

play


မုတ်သုံမိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် ဂင်္ဂါမြစ်နဲ့ ၎င်းရဲ့မြစ်လက်တက်များ မြစ်ရေလျှံတက်ခဲ့ပြီး မတ်ယာပရာဒက်ရှ်၊ ဘီဟာ၊ အူတာပရာဒက်ရှ်၊ ရာဂျက်စ်သန်နဲ့ အူတာရက်ခ်ဟန်း ပြည်နယ်များမှ ဒေသခံတွေ ကယ်ဆယ်ရေးစခန်းကို ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။

play


ဘီဟာပြည်နယ် ယခုနှစ်အတွင်း ရေကြီးမှု အဆိုးရွားဆုံးဖြစ်ခဲ့ပြီး လူ ၁၂၀ အထိ သေဆုံးခဲ့ကာ လူပေါင်း ၅ သန်း ရေဘေးသင့်ခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဘီဟာနဲ့ကပ်လျက် အူတာပရာဒက်ရှ် ပြည်နယ်မှာလည်း ရေကြီးမှုကြောင့် လူ ၄၃ ဦး သေဆုံးကာ လူဦးရေ တစ်သန်း ရေဘေးတွေ့ကြုံခဲ့ရပါတယ်။

play


ဂင်္ဂါမြစ်နဲ့ ယမုန်နာမြစ်တွေမှာ မြစ်ရေများ ဆက်လက် မြင့်တက်နေကြောင်းလည်း သိရပါတယ်။ မတ်ယာပရာဒက်ရှ်ပြည်နယ်မှာ မုတ်သုံရာသီ စတင်တဲ့ ဇွန်လမှစပြီး ရေကြီးမှုကြောင့် အနည်းဆုံး လူ ၇၀ သေဆုံးခဲ့ပါတယ်။ အဆိုပါ ပြည်နယ်မှာ နေအိမ် ၄၀,၀၀၀ ကျော် ပြိုကျပျက်စီးမှုတွေ ဖြစ်ခဲ့ပြီး ဒေသခံတွေကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရပါတယ်။

play


အိန္ဒိယနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ပြည်နယ် ၅ ခုသို့ စေလွှတ်ထားပြီး ရေကြီးမှုကြောင့် အစွန်အဖျား ကျေးရွာတွေမှာ သောင်တင်နေသူ ၃၃,၀၀၀ ကျော်ကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရပါတယ်။
Source & Photo: Times of India, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video