play
ငြိမ်းချမ်းရေးသဘောတူညီမှုကို လက်မှတ်ရေးထိုးပြီး ကိုယ်စားလှယ်နှစ်ဦ လက်ဆွဲနှုတ်ဆက်စဉ်


ကိုလံဘီယာအစိုးရဲ့ FARC သူပုန်အုပ်စုကြား သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ဆယ်စုနှစ်ငါးခုကျော်ကြာ စစ်ပွဲတွေကို အဆုံးသတ်နိုင်ပြီ ဖြစ်ပါတယ်။ သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီမှုကို ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်မှာ ကြေညာခဲ့ကြောင်း သိရပါတယ်။

play
ငြိမ်းချမ်းရေးသဘောတူညီမှုအတွက် ပျော်ရွှင်နေကြသည့် ကိုလံဘီယာပြည်သူများ


ကိုလံဘီယာအစိုးရနဲ့ FARC တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

play


ယခုနှစ် ဇွန်လ ၂၃ ရက်က နှစ်ဖက်လုံး အပစ်အခတ်ရပ်စဲရန် လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြပြီး ယခုအခါ အပြီးသတ် ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိခဲ့ပါတယ်။

play
ကိုလံဘီယာ အစိုးရတပ်ဖွဲ့ဝင်များ


ငြိမ်းချမ်းရေးသဘောတူညီမှုအရ FARC သူပုန်များက လက်နက်စွန့်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ယခုရရှိခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုဟာ နှစ်ဖက်လုံးအတွက် အနိုင်အရှုံးမရှိဘဲ ကိုလံဘီယာပြည်သူများ အောင်ပွဲရပြီး သေဆုံးနေရမှုတွေ အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း FARC စေ့စပ်ညှိနှိုင်းရေးမှူး ရိုဒရီဂို ဂရန်ဒါက တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

play
ကိုလံဘီယာ FARC သူပုန်များ


ကိုလံဘီယာအစိုးရနဲ့ FARC သူပုန်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိရေး ဆွေးနွေးမှုတွေကို ကျူဘားနိုင်ငံက လက်ခံကျင်းပစေပြီး ကြားဝင်ဆောင်ရွက်ခဲ့ပါတယ်။ ယခု ငြိမ်းချမ်းရေးသဘောတူညီမှုကို ကိုလံဘီယာပြည်သူများရဲ့ အတည်ပြုမှု လိုအပ်နေသေးကြောင်း သိရပါတယ်။

play
FARC သူပုန်တပ်ဖွဲ့မှ အမျိုးသမီးတပ်ဖွဲ့ဝင်များ


ငြိမ်းချမ်းရေးသဘောတူညီမှု အတည်ပြုနိုင်ရန် လူထုဆန္ဒခံယူပွဲကို လာမယ့် စက်တင်ဘာလနှောင်းပိုင်း သို့မဟုတ် အောက်တိုဘာလ အစောပိုင်းမှာ ပြုလုပ်သွားဖွယ် ရှိပါတယ်။

play
ဇွန်လ ၂၃ ရက်က ကျူဘားနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့စဉ်


ကိုလံဘီယာအစိုးရနဲ့ FARC သူပုန်အုပ်စုကြား ဖြစ်ပွားခဲ့တဲ့ ၅၂ နှစ်ကြာ ပြည်တွင်းစစ်ကြောင့် လူ ၂၂၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး အခြား လူဦးရေ ၆ သန်း အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video