play


ယခုနှစ် လာနီညာ ရာသီဥတုဖြစ်စဉ်ကြောင့် တိုင်ဖွန်းမုန်တိုင်းများ ဆောင်းရာသီအတွင်း ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း တရုတ်နိုင်ငံ အမျိုးသားရေကြောင်းပတ်ဝန်းကျင်ဆိုင်ရာ ခန့်မှန်းမှုဌာန (NMEFC) က ကြာသပတေးနေ့ (သြဂုတ် ၂၅ ရက်) မှာ ထုတ်ပြန်ကြေညာပါတယ်။

play


လာမယ့် စက်တင်ဘာလအတွင်း တရုတ်နိုင်ငံသို့ တိုင်ဖွန်းမုန်တိုင်း ၅ ခု သို့မဟုတ် ၆ ခု ဝင်ရောက်နိုင်ပြီး ယခင်နှစ်များကထက် အရေအတွက် ပိုများကြောင်း သိရပါတယ်။ မုန်တိုင်း ၃ ခု သို့မဟုတ် ၄ ခုက ကမ်းရိုးတန်းဒေသများကို သက်ရောက်မှုရှိမယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်း ပိုမိုပူနွေးလာမှုနဲ့ လာနီညာ ရာသီဥတုဖြစ်စဉ် သက်ရောက်မှုကြောင့် တရုတ်ကမ်းရိုးတန်း ပင်လယ်ရေမျက်နှာပြင်ဟာ ယခင်နှစ်များကထက် ပိုမြင့်နေကြောင်း NMEFC က ပြောပါတယ်။

play


ကမ်းရိုးတန်းဒေသ တာဝန်ရှိသူများအနေနဲ့ ခန့်မှန်းချက်တွေကို ဂရုစိုက်ပြီး သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရန် NMEFC က တိုက်တွန်းခဲ့ပါတယ်။ လာနီညာ ရာသီဥတုဖြစ်စဉ်ကို ပြင်းထန်တဲ့ အယ်လ်နီညို ဖြစ်ပေါ်ပြီးနောက် တွေ့ကြုံရလေ့ရှိကြောင်း သိရပါတယ်။
Source & Photo: Xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video